မုန်လာနီ စားပါက မျက်စိမှုန်ခြင်း ကို ဟန့်တားနိုင်

alt

သိပ္ပံ ပညာရှင်များက မုန်လာဥနီသည် လူအများ အသက်အရွယ် ကြီးရင့် လာချိန်တွင် မျက်စိမှုန်မှု ကို နှေးကွေး လျော့ကျ စေကြောင်း ရှာဖွေ တွေ့ရှိခဲ့ကြသည်။

ဘဲလဖတ် နှင့် ၀ါးတားဖို့တ် တို့မှ သုတေသီများ သည် မုန်လာဥနီ ကဲ့သို့ အသီးအနှံ အချို့တွင် ပါ၀င်နေသည့် Antioxidant များသည် အမြင်အာရုံ ချွတ်ယွင်းမှုကို လျော့နည်း သွားစေကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ကွင်းတက္ကသိုလ်မှ မျက်စိနှင့် အမြင်အာရုံဌာန ပရော်ဖက်ဆာ အူရှာချက် ကရေရာသီက Antioxidant များများပါသော အစားအအစာများ ငယ်စဉ်က မကြာခဏ စားသုံး ပေးသူများသည် အသက်အရွယ် ကြီးရင့်လာသည့်တိုင် အမြင်အာရုံ စူးရှနေတတ်သည်ဟု အတည်ပြု ပြောကြားခဲ့သည်။

Carotenoid ခေါ် Antioxidant ဓာတ်ပေါင်း တစ်မျိုးသည် အသီးအနှံများတွင် ကြွယ်ဝစွာ တွေ့ရှိ ရလေ့ရှိပြီး ၎င်းသည် မျက်စိအမြင်ကို စူးရှ ကြည်လင်စေသော အာနိသင်ရှိသည်။

ပညာရှင်များသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို နှစ်နှစ်ခြိုက်ခြိုက် စားသောက်လေ့ရှိသည့် အသက် (၇၇)နှစ် ၀န်းကျင် သက်ကြီးဝါကြီး (၄၀၀)ခန့်ကို လေ့လာခဲ့ရာ အများစုသည် မျက်စိ ကောင်းနေဆဲဟု ဖော်ထုတ်နိုင်ခဲ့သည်။ Carotenoid များအနက် မုန်လာဥနီကဲ့သို့ သစ်ဥသစ်ဖု များတွင် ပါ၀င်သော Lutein နှင့် Zeaxanthin စသော ဒြပ်ပေါင်းများသည် ဗီတာမင် စီ၊ အီး နှင့် သွပ်ဓာတ်များ ပေါကြွယ် ၀ပြီး ကျန်းမာရေး ကို အထောက်အကူပြုကြောင်း ပညာရှင်များ က ဆိုသည်။

အခြားသော သုတေသန အဖွဲ့တစ်ခု ကမူ မုန်လာဥနီများ ကို မလှီးမချွတ်ခင် ချက်ပြုတ်ခြင်း ဖြင့် ၎င်းတွင် ပါ၀င်သော ကင်ဆာရောဂါ ကာကွယ် တားဆီး နိုင်သည့် ဂုဏ်သတ္တိ ကို သာမန်ထက် တိုးပွား လာစေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here