ရီဟာနားအား ရိုက်နှက်မှု အတွက် စစ်ဆေးခြင်းကို ရွှေ့ဆိုင်းရန် ခရစ်ဘရောင်း တောင်းဆို

alt

ရီဟာနာ အား ရိုက်နှက်ခဲ့မှု အတွက် တရား ရင်ဆိုင်နေရသော ချစ်သူဟောင်း ခရစ်ဘရောင်းက အမှုကြားနာ စစ်ဆေး နေခြင်းအား ခေတ္တဆိုင်းငံ့ ထားပေးပါရန် ဒုတိယ အကြိမ်မြောက်

လျှောက်ထားခဲ့သော်လည်း ရုံးတော်က ပယ်ချ ခံလိုက်ရကြောင်း သိရှိရသည်။
အသက် (၂၀)အရွယ် ဘရောင်းသည် ရီဟာနား နှင့် ချစ်သူများ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက သူမ၏ မျက်နှာတွင် အကြီးအကျယ် ဒဏ်ရာများ ရအောင် ရိုက်နှက်ခဲ့မှု အတွက် တရား ရင်ဆိုင်နေရသည်။

ဘရောင်းသည် ၎င်းတွင် အပြစ်မရှိကြောင်း လျှောက်ထားခဲ့သလို ရီဟာနား နှင့် မျက်နှာချင်းဆိုင် ကြားနာရမည့် တရားခွင်ကိုလည်း ရွှေ့ဆိုင်းပေးရန် ပန်ကြားခဲ့သော်လည်း လော့စ်အိန်ဂျယ်လိစ် တရားရုံးက ပယ်ချခဲ့သဖြင့် မူလ စီစဉ်ထားသည့် အတိုင်း ဇွန်လ (၂၂) ရက်နေ့တွင် ရုံးချိန်းသို့ လာရောက် ရတော့မည်ဖြစ်သည်။

ဘရောင်း၏ ရှေ့နေအဖွဲ့သည် အမှု စစ်ဆေးနေခြင်းအား ရွှေ့ဆိုင်းပေးပါရန် ဇွန်လ (၁၇) ရက်နေ့က နောက်ဆုံးအကြိမ် အယူခံ ၀င်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရကြောင်း Radar Online သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုကိစ္စ အတွက် ဘရောင်းသည် စိတ်ပျက်နေကြောင်း အတွင်း သတင်းအချို့ ထွက်ပေါ်နေသော်လည်း R&B အဆိုတော်မလေး ရီဟာနာ ကမူ တရားခွင်တွင် ဘရောင်းနှင့် ထိပ်တိုက် တွေ့ရမည့် အခြေအနေအတွက် စိတ်လှုပ်ရှား တက်ကြွနေကြောင်း ရီဟာနား၏ သူငယ်ချင်းများက ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here