လိင်စွဲဆောင်မှု ရှိသော အမျုုိးသားအဖြစ် ဘရတ်ပစ် ထိပ်ဆုံးမှ ဦးဆောင်

alt

Contact Music မှ အမေရိကန် အမျိုးသမီးများ စိတ်တွင် Sexy အကျဆုံးဟု ထင်သည့် အမျိုးသား Celebrity စာရင်းကို ကောက်ခံခဲ့ရာ မင်းသားဘရက်ပစ် က ထိပ်ဆုံးမှ ဦးဆောင် နိုင်ခဲ့ကြောင်း သိရှိရသည်။

Underwear ဖြင့် ကြည့် အကောင်းဆုံး Celebrity ကို ဆန္ဒမဲပေးရန် ကောက်ခံခဲ့ရာ ပစ်က ထိပ်ဆုံးရောက်နေပြီး ဒုတိယ အဖြစ် မက်သရူး မက်ကော့တနေးလ် နှင့် တတိယအဖြစ် X-Man မင်းသား ဟူးဂျ်ဂျက်မင်း တို့က အစဉ်လိုက် ရပ်တည်နိုင်ခဲ့သည်။

ထို့အပြင် Men In Black မင်းသား ၀ယ်စမစ်က နံပါတ် (၄) နှင့် အမေရိကန် သမတကြီး ဘာရက်အိုဘားမား က နံပါတ် (၅) တွင် ရပ်တည် နေသည်။ X Men ဇာတ်ကားတွင် Wolverine အဖြစ် သရုပ်ဆောင်ထားသည့် ဂျက်မင်းသည် အမျိုးသမီးများက Underwear ဖြင့် ကြည့်မြင်လိုသော စာရင်းတွင် တတိယသာ ချိတ်သော်လည်း People မဂ္ဂဇင်း၏ သက်ရှိထင်ရှား Celebrity များတွင် Sexy အဖြစ်ဆုံး အမျိုးသားအဖြစ် သတ်မှတ် ခံထားရသည်။

Contact Music သည် ဖခင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အခြားသော ဆန္ဒမဲများကိုလည်း ကောက်ခံခဲ့ရာ ၀တ်စားဆင်ယင်မှု အသပ်ရပ်ဆုံး စာရင်းတွင် အိုဘားမားက ပစ်ကို တကျော့ပြန် ကျော်တက်နိုင်ခဲ့သည်။ ထို့အပြင် အိုဘားမားရော၊ ပစ်ပါ သားသမီးအပေါ်တွင် အလွန် ဂရုစိုက်သော ဖခင်ကောင်းများ အဖြစ် မဲပေးခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here