အာဆင်နယ် မှ ဖီအိုရင်တီးနား ကစားသမား ကို စိတ်ဝင်စားနေ

alt

အာဆင်နယ် နည်းပြကြီး အာစင်ဝင်ဂါး သည် ၎င်း၏ အသင်းအတွက် ကွင်းလယ်အင်အား ဖြည့်တင်းရန် ဖီအိုရင်တီးနား မှ ဘရာဇီး လက်ရွေးစင် ဖိလစ်ပိုမီလို ကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။

မီလိုကို ၎င်း အယ်မီရီယာတွင် ကစားနေစဉ် လွန်ခဲ့သော (၃) နှစ် ကတည်းက ၀င်ဂါးက စိတ်ဝင်စားခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် မီလိုမှာ အီတလီ စီးရီးအေ ကလပ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ အင်တိုက် အားတိုက် ကစားတတ်ပြီး မာကြောကြံ့ခိုင်သော အသက်(၂၅)နှစ် အရွယ် ကွင်းလယ်လူအား ၀င်ဂါးက တကျော့ပြန် မျက်စိကျလာပြီး ယခုအခါ ပေါင်(၁၅)သန်းဖြင့် ကမ်းလှမ်းရန် စဉ်းစားနေသည်ဟု ဆိုသည်။

အီတလီချန်ပီယံ အင်တာမီလန်ကလည်း ပေါင်(၁၅)သန်း အပြင် အာဂျင်တီးနား လက်ရွေးစင် ခံစစ်သမား နီကိုလက် ဘာဒစ်ဆို ကိုပါ အလိုက်ပေး ကမ်းလှမ်း ခဲ့သော်လည်း မီလိုက လန်ဒန်ကလပ်သို့ ပြောင်းရွှေ့ရန်သာ စိတ်အား ထက်သန်နေခဲ့သည်။

၀င်ဂါးသည် အောင်မြင်မှုများနှင့် ဝေးကွာနေသော ၎င်း၏အသင်းကို ပြန်လည် ထူထောင်ရန်အတွက် ကစားသမားအချို့ ဖြည့်တင်းနိုင်ရန် ကြိုးပမ်းလျက်ရှိရာ မီလိုအား စိတ်ဝင်စားနေသလို အေဂျက် အမ်စတာဒမ်မှ နောက်ခံလူ သောမတ် ဗာမယ်လန်း အား ပေါင်(၁၀)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားသည့် ၀င်ဂါးသည် အသင်းမှ အီမန်နျူရယ် အီဘိုယေး အား ရောင်းချသွားရန် ပြင်ဆင်နေကြောင်းလည်း သိရှိရသည်။

၀င်ဂါး အနေနှင့် လီဗာပူးအသင်းမှ ဇာဘီ အလွန်ဆို၊ ဘာစီလိုနာ အသင်းမှ ယာယာတိုရေး တို့ကဲ့သို့ ကွင်းလယ်လူများကိုလည်း စိတ်ဝင်တစား စုံစမ်း လျှက်ရှိကြောင်း အင်္ဂလန် အားကစားသတင်း များက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here