āမြောက်ကိုရီးယား ဒုံးကျည်အန္တရာယ် အတွက် အမေရိကန် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်

alt

မြောက် ကိုရီးယား ဒုံးကျည် ဟာဝိုင်ယီ အထိ ပစ်ခတ်နိုင်ဖွယ်ရာ ရှိသည်ဟူသော သတင်းများ ထွက်ပေါ်လာ ပြီးနောက် အမေရိကန် အစိုးရသည် ဟာဝိုင်ယီ ဒေသ လုံခြံုရေးအတွက်

သီးခြား အစီအစဉ်များ ချမှတ် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် ကာကွယ်ရေးဌာန အတွင်းရေးမှူး ရောဘတ် ဂိတ်က ၎င်းတို့သည် ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ဟာဝိုင်ယီကျွန်း လုံခြံုရေးကို အထူး အာရုံစိုက်နေပြီး လုံခြံုရေး အစီအစဉ်သစ်များ တိုးမြှင့်ထားသည်ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ပိတ်ပင်ထားသည့် လက်နက်ပစ္စည်းများ သယ်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား ကုန်တင် သင်္ဘောတစ်စင်းကို အမေရိကန်ရေတပ် သင်္ဘောတစ်စင်းက နောက်ယောင်ခံ လိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှု ပိုမို ဆိုးရွားလာကာ ယခုကဲ့သို့ ဒုံးကျည် ပစ်လွှတ်နိုင်သော အနေအထားအထိ ရောက်ရှိ လာခဲ့ရခြင်း ဖြစ်သည်။

ဂိတ်က ၀ါရှင်တန် အစိုးရသည် မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ်မှု စီမံကိန်းများနှင့် ပတ်သက်ပြီး အစွမ်းကုန် အာရုံစိုက် စောင့်ကြည့်နေကြောင်း ပြောကြားလိုက်ပြီး၊ အတိအကျ မဟုတ်သေးသော်လည်း ပြံုယမ်း အစိုးရသည် ဟာဝိုင်ယီကို ချိန်ရွယ်ပြီး ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်မည်ကို စိုးရိမ်နေရကြောင်း ဂိတ်က ပြောကြားခဲ့သည်။

အမေရိကန် စစ်တပ်သည် ဟာဝိုင်ယီ ဒေသတွင် THAAD ခေါ် ခေတ်မီ ရေဒါတပ် ဒုံးကျည် ကာကွယ်ရေး စနစ်တစ်ခုကို အလျှင်အမြန် တပ်ဆင်ပြီး ကောင်းကင်ယံမှ ဖြတ်သန်း ၀င်ရောက်လာသည့် ဒုံးကျည်များကို ကြားဖြတ် ပစ်ချနိုင်ရန် စီစဉ် ထားလျှက်ရှိသည်။ ထို့အပြင် အလာစကားရှိ မြေပြင်အခြေစိုက် ကာကွယ်ရေး စခန်းကလည်း ဖြစ်နိုင်သော တိုက်ခိုက်မှုတိုင်း အတွက် အသင့်အနေအထား ကာကွယ်နိုင်ရန် တပ်လှန့်ပြီး ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်က ပင်တဂွန် စစ်ဋ္ဌာနချုပ်တွင် ယနေ့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here