ကမာ္ဘ့ အသက်အကြီးဆုံး အဘိုးအို နေရာအား ဆက်ခံသူ အသစ် ပေါ်ထွက်လာ

alt

ဂျပန်နိုင်ငံမှ ကမာ္ဘ့ အသက်အကြီးဆုံး အဖိုးအိုကြီး ကွယ်လွန် သွားပြီးနောက် ဗြိတိန်နိုင်ငံ မှ စစ်ပြန်ကြီး ဟင်နရီ အယ်လင်ဂမ် က ထိုနေရာ ကို ဆက်ခံဖွယ် ရှိနေသည်ဟု သတင်းများက ဆိုသည်။

အသက် (၁၁၃)နှစ် ကျော်နေပြီဖြစ်သည့် တိုမိုဂျို တာနာဘီ သည် ဂျပန်နိုင်ငံ တောင်ပိုင်းရှိ မီယာကိုနိုဂျို တွင် အိပ်ပျော်နေရင်း ကွယ်လွန် သွားပြီးနောက် ဇွန်လ (၆) ရက်နေ့ ကမှ (၁၁၃)နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲထားသူ ပထမ ကမာ္ဘစစ်ကြီးကာလ တော်ဝင်လေတပ် တိုက်လေယာဉ်မှူးဟောင်းကြီး ဟင်နရီက ကမာ္ဘ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လာမည့် အလားအလာများ ရှိနေပြီဖြစ်သည်။

ဘရိုက်တန် အနီးတွင် နေထိုင်သူ ဟင်နရီသည် မျက်စိ အမြင်အာရုံ ချွတ်ယွင်း နေပြီဟုလည်း သိရသည်။ ၎င်းသည် ဗြိတိန်၏ အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း အတည်ပြုထားသလို ကမာ္ဘ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်လာပြီဟု ယုံကြည် ယူဆရသူ ဖြစ်သည်။ အဘိုးအို၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လည်း ဖြစ်သည့် ဒင်းနစ်ဂွတ်ဝင်းက အဘိုးအို ဟင်နရီသည် ကမာ္ဘ့ အသက်အကြီးဆုံး ပုဂ္ဂိုဟ်ဟုတ် မဟုတ် အတိအကျ မပြောနိုင်သေးသော်လည်း ဥရောပ၏ အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်မှာ အသေအချာပင် ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ဟင်နရီသည် ဘာမဆို ကိုယ်တိုင်လုပ်ရမှ ကျေနပ်သူဖြစ်ပြီး ထိုအကျင့်သည်ပင် ၎င်း၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက် ဖြစ်နိုင်ကြောင်းလည်း ဒင်းနစ် ကဆိုသည်။ ၎င်းသည် (၁၈၉၆) ခုနှစ်၊ ဇွန်လ (၆) ရက်နေ့က မွေးဖွား ခဲ့ပြီးနောက် မတူညီသော ရာစုနှစ် (၃) ခုကို ဖြတ်သန်း ရှင်သန်ခဲ့သည်။ အဘိုးအိုကြီး ဟင်နရီ သည် ပြင်သစ် အစိုးရက ချီးမြှင့်သည့် လီဂျင်းအော်နာ အထူးဂုဏ်ပြု ဆု ကိုလည်း ရရှိ ခဲ့ဖူးသူဖြစ်သည်။

အဘိုးအို ဟင်နရီတွင် သားသမီး (၆)ဦး၊ မြေး (၅)ဦး၊ မြစ် (၁၂)ဦး၊ တီ (၁၄)ဦး၊ တွတ် (၁)ဦး ရှိကြောင်းလည်း ဗြိတိန်မှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here