အလွန် စန်းပွင့်သော အီတလီ ဝန်ကြီးချုပ်

alt

အီတလီ ၀န်ကြီးချုပ် ဆီဗီယို ဘာလူစကိုနီ သည် ၎င်း အလိုရှိသော မိန်းကလေးများကို ပိုက်ဆံ ပေးစရာ မလိုဘဲ ခေါ်ယူ ပျော်ပါးနိုင်ကြောင်း ၎င်း၏ ရှေ့နေက ကြွားလုံးထုတ် ပြောကြား လိုက်သည်။

ဘီလျံနာ သူဌေးကြီး တစ်ဦးလည်း ဖြစ်သည့် ဘာလူစကိုနီ ၏ မိန်းမကိစ္စ နှင့် ပတ်သက်ပြီး မကောင်း သတင်းများ ပိုမို တွင်ကျယ်လာစေရန် ပြင်သစ် သမတဟောင်း ဂျက်ကွက်ရှီယက် က တခါက အီတလီ ၀န်ကြီးချုပ်သည် အမျိုးသားကြိုက် မဂ္ဂဇင်းတစ်စောင်ကို ၎င်းအားပြသပြီး ထိုထဲမှ ၀စ်လစ်စလစ် ဓာတ်ပုံရှင် အမျိုးသမီး အတော်များများနှင့် အတူအိပ်ဖူးကြောင်း ဂုဏ်ယူ ကြွားဝါခဲ့သည်ဟု ပြောကြားခဲ့ခြင်းအား ရှေ့နေက ယခုလို ကာကွယ် တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဘာလူစကိုနီ၏ ရှေ့နေဖြစ်သူ နီကိုလာ ဂီဒီနီက အီတလီဝန်ကြီးချုပ်၏ နေအိမ် ဧည့်ခံပွဲသို့ တက်ရောက်ရန် အမျိုးသမီးတိုင်းက အလွန်အမင်း စိတ်အားထက်သန်ပြီး ထို့အတွက်လည်း ၀န်ကြီးချုပ် အလိုရှိသမျှ ကြည်ကြည်ဖြူဖြူ ပေးအပ်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘာလူစကိုနီ ဆီ လိုက်လာဖူးသော အမျိုးသမီး တစ်ဦးသည် ယူရို(၂၀၀၀)မျှ အခကြေးငွေယူသော ပြည့်တန်ဆာတစ်ဦး ဖြစ်ခဲ့သော်လည်း ၀န်ကြီးချုပ်ထံမှ တပြားတချပ်မှ ယူမသွားပါဟု နီကိုလာ ကဆိုသည်။

ထို့အပြင် ဘာလူစကိုနီသည် အမျိုးသမီးများကို အလွန်ရိုသေပြီး လေးစား တန်ဖိုးထားစွာ ဆက်ဆံ တတ်သူဖြစ်ပြီး ၎င်းနှင့် ပတ်သက်ဖူးသည့် မိန်းကလေးတိုင်း အိပ်မက်ဆန်သော ခံစားမှုများကို ရရှိ သွားတတ်ကြောင်း သုံးသပ်ခဲ့သည်။

နီကိုလာ က ဘာလူစကိုနီ ဘက်မှ ဖေးဖေးမမ ပြောကြားနေသော်လည်း ၀န်ကြီးချုပ် ၏ ဇနီး ကမူ ခင်ပွန်းသည် အပေါ် ဆက်လက် သည်းမခံ နိုင်တော့သဖြင့် ကွာရှင်းရန် ကြိုးစားလျှက် ရှိကြောင်း ဥရောပ သတင်းများတွင် ဟိုးလေးတကြော် ဖေါ်ပြလျှက် ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here