ဒမ်မီမိုး တို့ ဇနီးမောင်နှံ အီရန် ဆန္ဒပြပွဲများကို အားပေး ထောက်ခံ

alt

အက်ရှတန် ကက်ချာ နှင့် ဒမ်မီမိုး တို့ ဇနီးမောင်နှံ က လက်ရှိ အီရန်တွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများ ကို အားပေး ထောက်ခံကြောင်း Twitter မှတဆင့် ရေးသား ဖော်ပြ လိုက်ကြသည်။

အီရန်တွင် ဒုတိယအကြိမ် ရွေးကောက်ခံရသည့် သမတ အာမက်ဒီနီဂျက် အာဏာ ရလာခြင်းကို မကျေနပ်သော ပြည်သူလူထု သိန်းနှင့်ချီပြီး မြို့တော် တဟီရန်တွင် ဆန္ဒပြနေသလို နိုင်ငံတကာ ကလည်း အာရုံစိုက်မှု ကြီးမားလာနေခဲ့ချိန် ဖြစ်သည်။

အီရန် အစိုးရသည် Twitter ၊ Facebook စသော Social Networking ၀ဘ်ဆိုဒ်များကို ပိတ်ပင် ထားသော်လည်း ကက်ချာက ၎င်း၏ Twitter Account တွင် ရေးသားထားသည့် message ကို အီရန် ပြည်သူများ တွေ့မြင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားလိုက်သည်။

၎င်းက လက်ရှိ အီရန်တွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် လွတ်လပ်ရေး အတွက် အမှန်တကယ် တိုက်ပွဲဝင်နေသည်ဟု ယုံကြည်မိကြောင်း၊ အီရန် ပြည်သူများသည် မိမိတို့ နှလုံးသားတွင် ကိန်းဝပ်နေသော ဆန္ဒအမှန်ကို ထုတ်ဖော်ပြပြီး ရည်မှန်းချက် ပန်းတိုင်ကို ချီတက် နိုင်မည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်။

သို့သော်လည်း ထိုအရေးအခင်းတွင် အီရန် ပြည်သူများ၏ စည်းလုံးမှု အင်အားဖြင့်သာ ဖြေရှင်း ပြီးမြောက်စေလိုပြီး အမေရိကန် အစိုးရအနေနှင့် တစုံတရာ ကြားဝင် မစွက်စေလိုကြောင်းလည်း ကက်ချာက ပြောကြားခဲ့သည်။

ထို့အတူ ၎င်း၏ ဇနီးသည် ဒမ်မီ ကလည်း သူမ ၏ Twitter မှတဆင့် အီရန်ပြည်သူများ ၏ ရဲရင့်မှုနှင့် တိုက်ပွဲဝင် စိတ်ဓာတ်ကို ဦးညွှတ် ဂုဏ်ပြုပါကြောင်း ရေးသား ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here