ဆိုမာလီယာ နိုင်ငံတွင် တိုက်ပွဲများ ပြင်းထန်နေဆဲ

alt

ဆိုမာလီယာ နိုင်ငံ၊ မိုဂါဒစ်ရှူး မြို့တော်တွင် အစိုးရ တပ်များနှင့် သူပုန်များ အပြင်းအထန် တိုက်ခိုက် နေမှုသည် ဇွန်လ (၁၇) ရက် နေ့က အရှိန် မြင့်တက်လာပြီးနောက် အစိုးရဘက် မှ ရဲချုပ်ဖြစ်သူ သေဆုံး သွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့များ၏ ဦးစီးအရာရှိသည် ဇွန်လ (၁၇) ရက်နေ့ တိုက်ပွဲများအတွင်း ကျဆုံးခဲ့သူ ရဲဝန်ထမ်းဦးရေ အနည်းဆုံး (၈)ဦးတို့တွင် ပါ၀င်ခဲ့ကြောင်း မျက်မြင် များနှင့် မိုဂါဒစ်ရှူး ရဲတပ်ဖွဲ့ တို့က ပြောကြားခဲ့သည်။ ရဲဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သည့် ရဲမှူးကြီး အက်ဘဒူလာ ဟာဆန်ဘာရိုင်ဆီ က ရဲတပ်ဖွဲ့ ဦးစီးချုပ် ဗိုလ်မှူးကြီး အလီဆာဒီ ကျဆုံးခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက် များကိုမူ ပြောကြားသွားခြင်း မရှိခဲ့ပေ။

မိုဂါဒစ်ရှူး မြို့ခံများကမူ ရဲများနှင့်အတူ အနည်းဆုံး အရပ်သား(၇)ဦးမျှ သေဆုံးကြောင်းလည်း ပြောဆို နေကြသည်။ အစ္စလာမ် အကြမ်းဖက် တိုက်ခိုက်ရေး သမားများသည် မြို့ပေါ်ရှိ လူနေအိမ်များသို့ မော်တာများဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ဆန်ခါးပတ်များ လွယ်ထားသည့် သူပုန် အမြောက်အမြားသည် မြို့စွန်ထိ ချဉ်းကပ်လာကြကြောင်း မျက်မြင်များက ဆိုကြသည်။

မကြာသေးမီ ရက်ပိုင်းများ အတွင်းက တိုက်ခိုက်ခဲ့မှုများတွင် ယခုတစ်ကြိမ်သည် အပြင်းထန်ဆုံးဟု မိုဂါဒစ်ရှူး မြို့ခံလူ အာရှာမိုအာလင် က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သေဆုံးခဲ့သူ ဦးရေသည် (၂၀၀)ကျော်မျှ ရှိနေပြီဖြစ်သည်။ ကုလသမဂ္ဂက အစိုးရနှင့် သူပုန်များကြား အဓိကရုဏ်းကြောင့် လူပေါင်း(၁၂၂၀၀၀)ထက် မနည်း မိုဂါဒစ်ရှူးကို စွန့်ခွာ ထွက်ပြေးသွားကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here