အမေရိကန် စီးပွာရေး မကြာမီ ပြန်လည် ဦးမော့လာမည်ဟု သုံးသပ်

alt

ကျဆင်း နေသော အမေရိကန်၏ စီးပွားရေး လုပ်ငန်းများသည် မကြာမီ ကာလ အပိုင်းအခြားများ အတွင်း ပြန်လည် ဦးမော့ လာဖွယ်ရှိကြောင်း ကျွမ်းကျင်သူ များက ပြောကြား လိုက်ကြသည်။

အမေရိကန် နိုင်ငံ၏ နာမည်ကျော် ဘဏ်ကြီး များမှ ထိပ်သီးစီးပွားရေး အကြံပေး ပုဂ္ဂိုလ်များက လက်ရှိ ရုန်းကန် နေရသော ငွေကြေး ပျက်ကပ်သည် လာမည့် နွေဦး ရာသီခန့်တွင် အဆုံးသတ်ဖွယ် ရှိကြောင်း ခန့်မှန်း ထားကြသည်။ အထူးသဖြင့် စက်တင်ဘာလ အတွင်း စီးပွားရေး ကျဆင်းမှုများ ရပ်ဆိုင်း သွားပြီးနောက် တိုးတက်မှု ရာခိုင်နှုန်း (၀.၅) မျှထိ ပြန်လည် ဦးမော့လာမည်ဟု မျှော်လင့်နေကြသည်။

အချို့သော ပညာရှင်များကမူ ပြန်လည် ကောင်းမွန်လာသည့် စီးပွားရေး အခြေအနေသည် ခိုင်မာ တောင့်တင်းလာစေရန် အချိန်ယူ ရဦးမည်ဟု ချင့်ချိန် သုံးသပ်ပြောကြား လျှက်ရှိနေဆဲပင်။ နိုင်ငံပေါင်း (၃၀) ဖြင့် ဖွဲ့စည်းထားသည့် OECD အဖွဲ့မှ နိုင်ငံ အများအပြားသည် (၂၀၁၀) ခုနှစ် နှစ်ဦးပိုင်းခန့်တွင် စီးပွားရေးအရ နလံ ထူလာနိုင်မည်ဟု ပညာရှင်များက ဆိုကြသည်။

အမေရိကန်၏ စီးပွားရေး လည်ပတ်မှုသည် (၂၀၁၀) နှစ်လည်ခန့်တွင် (၆၅) ရာခိုင်နှုန်းမျှ အထိ ပြန်လည် ကောင်းမွန်လာနိုင်ရန် ပညာရှင်များက အကောင်းမြင် မျှော်လင့်နေလျှက်ရှိပြီး လေးမန်း ညီအစ်ကိုများ ဘဏ်လုပ်ငန်းကြီး ပြိုကွဲပြီးနောက် စတင်ခဲ့သော အမေရိကန်၏ စီးပွားပျက်ကပ်ကြီးသည် မေလ အတွင်းမှစကာ အတန်ငယ် တည်ငြိမ်စ ပြုလာခဲ့ပြီး ထိုလ အတွင်း အိမ်ခြေတိုက်တာ အသစ်များ ဆောက်လုပ်မှုသည် ဧပြီလ ကထက် ရာခိုင်နှုန်း ကြီးကြီးမားမား တိုးတက်လာခဲ့ကြောင်း စာရင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here