မြောက်ကိုရီးယား အနုမြူ လက်နက်ကိစ္စ ရုရှားနှင့်တရုတ်တို့ ကူညီမည်

alt

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့သည် မြောက်ကိုရီးယား အား အနုမြူ လက်နက် စီမံကိန်းများ အတွက် အနာဂတ်တွင် နိုင်ငံတကာနှင့် ညှိနှိုင်း ဆွေးနွေးသွားရန် ဖိအားပေးနိုင်ရေး သဘောတူညီ လိုက်ကြကြောင်း သိရသည်။

ကမာ္ဘ့ အင်အားကြီး နိုင်ငံ(၂)ခု၏ အစိုးရများသည် ကိုရီးယား နှစ်နိုင်ငံကြား ပေါ်ပေါက်နေသော တင်းမာမှုများကြောင့် ကမာ္ဘ့ ငြိမ်းချမ်းရေးကို ကြီးမားစွာ ခြိမ်းခြောက်မှု ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ပူးတွဲ ကြေညာခဲ့သည်။ ထိုကြေညာချက်သည် မြောက်ကိုရီးယား အစိုးရက အမေရိကန် နှင့် အပေါင်းအပါ နိုင်ငံများကို တုန့်ပြန် တိုက်ခိုက်ရန် အသင့်ရှိကြောင်း ခြိမ်းခြောက် ခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် ရုရှားတို့သည် မြောက်ကိုရီးယား ကိစ္စအတွက် ပူးပေါင်းဖြေရှင်း အရေးယူကြရန် ကုလသမဂ္ဂ အစည်းအဝေးတွင်လည်း သဘောတူ လက်မှတ် ရေးထိုးထားပြီးဖြစ်သည်။ (၁၉၅၃) ခုနှစ်က ချုပ်ဆိုထားသည့် ကိုရီးယား နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး စာချုပ်မှာ မေလ (၂၅) ရက်နေ့က မြောက်ကိုရီးယား၏ အနုမြူဗုံး စမ်းသပ်ဖောက်ခွဲမှု နောက်ပိုင်း ပျက်ပြယ် သွားခဲ့ပြီဖြစ်ပြီး မြောက်ကိုရီးယားသည် တောင်ကိုရီးယားအား ရန်လိုစွာ ပြုမူခဲ့ကြောင်း တရုတ်နှင့် ရုရှားတို့က သုံးသပ်ထားကြသည်။

တရုတ် နှင့် ရုရှားတို့သည် မြောက်ကိုရီးယား ကိစ္စအပါအဝင် အချက်အလက် (၁၄) ခုတို့ကို သဘောတူညီမှု ရရှိခဲ့ပြီး (၉)ခုမှာ စီးပွားရေး ကဏ္ဍတွင် အကြံုးဝင်နေသည်။ အဓိကကျသည့် သဘောတူညီမှု နှစ်ခုမှာ ရုရှားက တရုတ်ကို နှစ် (၂၀) ကြာအောင် လောင်စာဆီ ထောက်ပံ့သွားရန် နှင့် ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ကြရန် တို့ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here