Apple နှင့် Nokia ဟန်းဆက် အသစ်များ အပြိုင်အဆိုင် ရောင်းချ

alt

မိုဘိုင်းလ် ဖုန်း ထုတ်လုပ်ရေး လုပ်ငန်း၏ ဘီလူးကြီး နှစ်ကောင်အဖြစ် တင်စားခြင်း ခံရသော Apple နှင့် Nokia တို့သည် ဇွန်လ (၁၉)ရက် နေ့တွင် ဈေးကွက်တိုက်ပွဲ ထိပ်တိုက် တွေ့ဆုံလာကြပြီ ဖြစ်သည်။

ထိုနေ့တွင် ကုမ္မဏီ နှစ်ခုလုံးသည် ၎င်းတို့၏ ဖုန်း Handset အသစ်များကို စတင် ရောင်းချရန် စတင်တော့မည် ဖြစ်သည်။ ဖင်လန် အခြေစိုက် ကမာ္ဘ့အကြီးဆုံး မိုဘိုင်းလ်ဖုန်း ကုမ္မဏီကြီး Nokia သည် ၎င်း၏ နောက်ဆုံးထုတ်ကုန် N97 ကို ထုတ်လုပ်လိုက်သလို Apple ကလည်း ၎င်း၏ နာမည်ကျော် iPhone ၏ နောက်ဆုံးမျိုးဆက် iPhone 3G S ကို စတင် ထုတ်ဝေလိုက်ပြီ ဖြစ်သည်။

ဖုန်း နှစ်ခုလုံးသည် ဈေးကွက်တွင် ပိုမိုတွင်ကျယ်စွာ ရောင်းချနိုင်ရေး အပြင်းအထန် ပြိုင်ဆိုင်ကြဖွယ် ရှိကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။ N97 သည် ဇွန်လ (၁၉)ရက် နေ့မှစပြီး Nokia ၏ အရောင်းဆိုင်များ ပေါ်သို့ ရောက်လာတော့မည် ဖြစ်ပြီး Network ဆိုင်ရာ ၀န်ဆောင်မှု များမှာမူ ဇွန်လ (၂၆)ရက်နေ့မှ စတင်မည်ဟု သိရသည်။

Apple ကလည်း ကင်မရာ အရည်အသွေး၊ ဘက်ထရီနှင့် မြန်နှုန်းမြှင့် အပါအဝင် ကဏ္ဍစုံတွင် ပိုမိုတိုးတက် ကောင်းမွန်လာသည့် Touchscreen နည်းပညာသုံး iPhone ၏ ဈေးကွက် တွင်ကျယ်မှုကို ဆက်လက်ချုပ်ကိုင်ရန် ကြိုးပမ်းမည် ဖြစ်သည်။

ကုမ္မဏီ နှစ်ခုလုံး ၎င်းတို့၏ ဖုန်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချပြီး ၀ယ်လိုအား ပိုများလာစေရန် ယှဉ်ပြိုင်နေကြသလို ဈေးကွက်တွင်လည်း သူတင် ကိုယ်တင် ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆို နေခဲ့ကြပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here