မလေးရှား၌ ဒေါ်စု မွေးနေ့ပွဲ ကျင်းပသူ မြန်မာများ ဖမ်းဆီးခံရ

alt

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၆၄ နှစ်မြောက် မွေးနေ့ ပွဲ ကျင်းပ ရန် ပြင်ဆင် နေသော မြန်မာ နိုင်ငံသား ၁၄ ဦး အား ပက်တလင်း ဂျာရာ အပိုင် မလေး ရဲတပ်ဖွဲ့ မှ တရားမဝင် နိုင်ငံ တွင်း ဝင်ရောက်မှု နှင့် ယမန်နေ့ ညက ဖမ်းဆီး လိုက်သည်

ဟု ယနေ့ထုတ် မလေးရှား သတင်းစာများတွင် ဖေါ်ပြထားသည်။

ပက်တလင်း ဂျာရာ ရဲတပ်ဖွဲ့မှ OCPD ACP အာဂျူနိုင်ဒီ မိုဟာမက် ပြောပြချက် အရ ယမန်နေ့ည ၈နာရီခန့် က တမန်ဂျာရာ ရေကန်ကြီး အနီးတွင် မြန်မာ နိုင်ငံသား အယောက် ၃၀ ကျော် လူစုလူဝေးကြီး အား ဖမ်းဆီးရာတွင် ထိုလူအုပ်မှာ ည ၈ နာရီခွဲတွင် လူစု ကွဲသွားခဲ့ပြီး၊ ထို လူအုပ်မှ တရားမဝင်၊ သက်တမ်းကုန် နေထိုင်သူများ၊ မည်သည့် အထောက်အထား စာရွက်စာတမ်း မှ မရှိသူ ၁၄ ယောက်အား ဖမ်းဆီးခဲ့သည်ဟု မျက်မြင် သက်သေများ က ဆိုသည်။

ရဲတပ်ဖွဲ့ မှ ဆက်လက် ပြောကြားသည် မှာ ရဲကို မြင်သည်နှင့် လူအုပ်ကြီးမှာ နေရာအနှံ့အပြား သို့ ထွက်ပြေးကြသဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်း ကုန်ဆုံးနေသော ထို ၁၄ ဦးသာ ဖမ်းဆီး ရမိခြင်း ဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးမိသူများ အား ပက်တလင်း ဂျာရာ ရဲစခန်းတွင် စစ်ချက်ယူပြီး အင်မီဂရေးရှင်း( လ.ဝ.က ) သို့ ညတွင်းခြင်း လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသူများ အား မလေးရှား ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးတွင် ဒုက္ခသည်များအဖြစ် မှတ်ပုံတင်နိုင်ရန် ကြိုးစားနေပြီး၊ မှတ်ပုံတင်နိုင်ခြင်း မရှိက ထိုင်း မြန်မာ နယ်စပ်သို့ ပိုဆောင် ခံရနိုင်သော်လည်း၊ အဆိုပါ အခမ်းအနားသို့ စလမ်ဂေါ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ အတိုက်အခံ လွတ်တော်အမတ်များ၊ အလုပ်သမားရေး ဆောင်ရွက် နေသူများ အပါအဝင် မြန်မာ့အရေးကို စိတ်ပါဝင်စားသူ မလေးရှား လူမျိုးပါ ပါဝင်ဆင်နွဲခဲ့ ကြပြီး၊ သူတို့အနေဖြင့် ဖမ်းဆီး ခံခဲ့ရသူများအား ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးတွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့် ရရှိနိုင်စေရန် ဆောင်ရွက် ပေးသွားမည် ဟု အတိုက်အခံ ပါတီဝင်လည်းဖြစ်၊ မြန်မာ့အရေး တတ်ကြွစွာ ပါဝင် ကူညီ ဆောင်ရွက် နေသည့် မလေးရှား ရှေ့နေ့ မစ္စလတီဖါကော်ရာ ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here