မသင်္ကာဖွယ် မြောက် ကိုရီးယား သင်္ဘောနောက် အမေရိကန် မှ ခြေရာခံလိုက်

alt

ဥပဒေ နှင့် မညီညွတ်သော လက်နက်များ သယ်ဆောင် လာသည် ဟု ယူဆရသော မြောက် ကိုရီးယား သင်္ဘော တစင်းအား အမေရိကန် ရေ တပ်မတော်မှ ကြာသာပတေး နေ့ ခြေရာခံ မိသည် ဟု ကြေညာ လိုက် သည်။

ပစ္စဖိတ် သမုဒ္ဒရာအား ကျော်၍ ဟာဝိုင်ယီကျွန်း အထိ အရောက် ပစ်ခတ် နိုင်သော မြောက် ကိုရီးယား ၏ တာဝေးပစ် ဒုံးကျည် ပစ်ခတ်မည့် ဂျပန် သတင်းစာ ပါ အချက်အလက် ကြောင့် လိုအပ် သလို ဆောင်ရွက်ရန် အမိန့် ပေးထား လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ် က ကြာသာပတေး နေ့ ညနေ တွင် ပြောကြား လိုက်သည်။

ဗုဒ္ဓဟူး နေ့ က မြောက် ကိုရီးယား ဆိပ်ကမ်း တခု မှ ထွက်ခွာ လာသော မြောက်ကိုရီးယား ကန်နန် မှတ်ပုံတင် အလံ လွှင့်တင် ထားပြီး၊ တရုတ် ရေပြင်မှ ပစ္စဖိတ် သမုဒ္ဒရာ သို့ ဖြတ်ကျော် ရန် ကြိုးစား နေသော မြောက်ကိုရီးယား မသင်္ကာဖွယ် သင်္ဘော ၂ စင်းကို မိမိတို့ ခြေရာခံ ထိမ်းချုပ် ထားပြီး ထိုသင်္ဘော ၂ စင်း တွင် မည်သည့် ကုန်ပစ္စည်းများ သယ်ဆောင် လာသည်ကို မသိရှိ ရသေးပဲ လျှင်မြန်စွာ တပ်ဆင် ပြုပြင် ထုတ်လုပ် နိုင်သော စစ် လက်နက်များ သယ်ဆောင် လာနိုင်ဖွယ် ရှိသည် ဟု ထောက်လှမ်းရေး သတင်းများ အရ ဆိုသည်။

အမေရိကန် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် မိုက်မူလန် ကမူ ကုလသမဂ္ဂ၏ လုံခြံုရေးကောင်စီ ပဋိညင်စာတမ်းအား ချိုးဖေါက်၍ အမျိုးအမည်မသိ ကုန်ပစ္စည်များတင်ဆောင်ကာ နိုင်ငံတကာ ရေပိုင်နက်ထဲ သွားရောက်နေမှုမှာ မြောက်ကိုရီးယားအား မေးခွန်ထုတ်စရာပင် မလိုပဲ ရေထဲ၌ ရှာဖွေခွင့် မပြုလျှင် နီးစပ်ရာ ဆိပ်ကမ်းတခုသို့ အလျှင်အမြန်ကပ်စေလိုကြောင်း ပင်တဂွန် စစ်ဋ္ဌာနချုပ်မှ ယနေ့ ပြောကြား လိုက်သည်။

ကာကွယ်ရေး ဝန်ကြီးချုပ် ရောဘတ်ဂိတ် က မူ ဟာဝိုင်ယီ ကျွန်းဖက် သို့ မသင်္ကာဖွယ် ဦးတည် သွားနေသော မြောက်ကိုရီးယား သင်္ဘော၂စင်းကြောင့် မြေပြင်မှ ရွေ့ပြောင်းတပ်ဖွဲများ နှင့် ဒုံးကျည်များ၊ ရေဒါ စစ်စခမ်းများအား အသင့်အနေအထား ပြင်ဆင် ထားခိုင်းလိုက်ပြီး၊ မြေပြင်မှ ဝေဟင်ပစ် ကာကွယ်ရေး စနစ်များ ဒုံးကျည်များအား နောက်ဆုံး အနေအထား အထိ ခုခံ ကာကွယ်နိုင်ရန် တပ်လှန့် ထားလိုက်သည်။

မြောက်ကိုရီးယားမှာ ယခင် လများဆီက နျူကလီးယားဗုံး စမ်းသပ်ဖေါက်ခွဲမှု ပြုလုပ် ကတည်းကပင် ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ပဋိညင်စာတမ်းအား ဖေါက်ဖျက်ပြီးသား ဖြစ်သွားခဲ့ချေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here