မြောက် ကိုရီးယားဒုံးကျည် ဟာဝိုင်ယီကို ချိန်ရွယ်ပစ်ခတ်နိုင်

alt

မြောက် ကိုရီးယား နိုင်ငံအနေနှင့် မဟာ ဗျူဟာမြောက် တာဝေးပစ် ဒုံးကျည် တစ်စင်းကို ဟာဝိုင်ယီသို့ ချိန်ရွယ် ပစ်ခတ်ဖွယ် ရှိကြောင်း ဂျပန် သတင်းစာ တစောင်က ခန့်မှန်း ရေးသားလိုက်သည်။

ဂျပန်၏ ရောင်းအား အကောင်းဆုံး ယူမီယူရီ နေ့စဉ် သတင်းစာက ဇွန်လ(၁၆) ရက်နေ့က ရေးသားခဲ့သော သတင်းအရ ကမာ္ဘ့ လက်နက် အင်အားကြီး ကွန်မြူနစ် နိုင်ငံသည် ဇူလိုင်လ အစောပိုင်း လောက်တွင် အဆိုပါ ဒုံးကျည်အား ပစ်လွှတ်နိုင်ကြောင်း သိရသည်။

Teapodong-2 ဟု အမည် ပေးထားသည့် ထိုဒုံးကျည်သည် မိုင်ပေါင်း(၄၀၀၀) အကွာအဝေးထိ ပျံသန်း ရောက်ရှိနိုင်ကြောင်း ယုံကြည် ရဖွယ်ရှိပြီး မြောက်ကိုရီးယား၏ နာမည်ကျော် ဒေါင်ချန်နီ ဒုံးကျည်ပစ်စင်မှ လွှတ်တင်ဖွယ် ရှိကြောင်း သတင်းစာက ရေးသားထားသည်။

ထိုသတင်းသည် အမေရိကန်၏ ထောက်လှမ်းရေး ဂြိုဟ်တုမှ ဂျပန် ကာကွယ်ရေး ၀န်ကြီးဌာနသို့ ပေးပို့သော အချက်အလက်များ အရ သုံးသပ် ရေးသားထားခြင်း ဖြစ်သည်။ မြောက်ကိုရီးယား အနေနှင့် ထိုဒုံးကျည်ကို ဇူလိုင်လ (၄)ရက်မှ (၈) ရက်နေ့ အတွင်း ပစ်လွှတ်ဖွယ် ရှိကြောင်း သတင်းစာက ဆိုသည်။

အဘယ်ကြောင့်ဆိုသော် မြောက်ကိုရီးယားသည် ပထမ Teapodong ဒုံးကျည်ကို (၂၀၀၆)ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့က ပစ်လွှတ်ခဲ့ဖူး သလို ဇူလိုင်လ (၈)ရက် နေ့သည် မြောက် ကိုရီးယားနိုင်ငံအား စတင် ထူထောင်ခဲ့သူ ကင်အီဆွန်း ကွယ်လွန်ခဲ့သည့် နှစ်ပါတ်လည် နေ့လည်း ဖြစ်သဖြင့် ထိုနေ့များအနက် တစ်ခုခု ဖြစ်နိုင်ကြောင်း သတင်းစာက သုံးသပ် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here