မွေးစား သမီးငယ်ထံ မက်ဒေါနား နေ့စဉ် ဆက်သွယ်နေ

alt

မက်ဒေါနားသည် မကြာသေးမီ ကမှ သူမ မွေးစားခဲ့သည့် မာလဝီနိုင်ငံမှ သမီးငယ်လေး မေစီဂျိမ်း ထံသို့ ညတိုင်း ဖုန်းဆက်နေကြောင်း သိရှိရသည်။

မေစီ သည် ဇွန်လ (၁၂) ရက် နေ့က မက်ဒေါနား မွေးစားရန် လျှောက်ထားမှု အတွက် တရားရုံး ခွင့်ပြုချက် ရရှိပြီးနောက် မာလဝီ နိုင်ငံမြို့တော် လီလွန်ဂွီရှိ ဇိမ်ခံ ဧည့်ဂေဟာ တွင် ပြောင်းရွှေ့နေထိုင်လျှက်ရှိသည်။

မေစီ က ဇွန်လ (၁၄) ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံခွင့် ရစဉ် သူမ၏ မာမီသည် နေ့စဉ် ဖုန်းဆက်ကြောင်း ပြောကြားခဲ့သည်။ (၄) နှစ်သမီးလေး မေစီအား မာလဝီ အထိ လာခေါ်ရန် မက်ဒေါနား အနေနှင့် စာရွက်စာတမ်းများ ပြင်ဆင်နေပြီး နယူးယောက်တွင် ပြန်လည် အခြေချရန် စဉ်းစားထားသည်။

ထိုရောက်လျှင် မာစီသည် အစ်မဖြစ်လာမည့် (၁၂)နှစ်သမီး လောဒရက်၊ အစ်ကိုဖြစ်လာမည့် (၈)နှစ်သား ရော့ကို၊ မောင်တော်စပ်လာမည့် သူမနှင့် မွေးရပ်နိုင်ငံတူ (၃) နှစ်သားလေး ဒေးဗစ် တို့နှင့် တွေ့ဆုံ ရမည်ဖြစ်သည်။

အသက် (၅၀) အရွယ် မက်ဒေါနား သည် ဇူလိုင်လ (၄)ရက်နေ့တွင် သူမ ၏ ကမာ္ဘလှည့် ဖျော်ဖြေရေး အစီအစဉ်အတွက် ဥရောပသို့ ထွက်ခွာရမည်ဖြစ်ရာ ထိုမတိုင်မီ မာစီအား အပြီးသတ် ခေါ်ဆောင်နိုင်ရန် လုံးပမ်းနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here