ဒေါ်စု မွေးနေ့ပွဲ ကမာ္ဘတဝှမ်းတွင် ကျင်းပ

alt

ကမာ္ဘ တဝှမ်းမှ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှား သူများသည် ဒေါ်အောင်ဆန်းစုကြည် ၏ (၆၄) နှစ်ပြည့် မွေးနေ့ပွဲ ကို စိတ်အား ထက်သန်စွာ ကျင်းပ နေကြကြောင်း သိရှိရသည်။

လက်ရှိ အချိန်တွင် စစ်အစိုးရ က အင်းစိန် ထောင်တွင် တရားစွဲဆို စစ်ဆေးမှု နှင့် ကြံုတွေ့နေရသည့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ (၁၉) ရက်နေ့ တွင် အသက် (၆၄) နှစ် တင်းတင်းပြည့် ခဲ့ပြီ ဖြစ်သည်။ သူမ ၏ လွတ်မြောက်ရေး အတွက် ကမာ္ဘတဝှမ်း မှ တောင်းဆိုမှုများ မြင့်တက် လာနေသလို ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း၊ ကမာ္ဘကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း၊ အမေရိကန် မင်းသား ဂျော့ကလူးနီး နှင့် မင်းသမီး ဂျူလီယာ ရောဘတ် စသော နာမည်ကျော် ပုဂ္ဂိုလ်များ ကလည်း သီးခြား ဆန္ဒပြုမှုများဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို လိုလိုလားလား တောင်းဆို ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် သည် လွန်ခဲ့သော (၁၉) နှစ်တာ ကာလ အတွင်း စုစုပေါင်း အချိန် (၁၃) နှစ်ကျော်ကို နေအိမ် အကျယ်ချုပ်ဖြင့် အထီးကျန်စွာ ဖြတ်သန်း ခဲ့ရသော်လည်း သူမ၏ ဒီမိုကရေစီ မျှော်လင့်ချက်များ မှာ အားပျော့ မသွားဘဲ ခိုင်မာစွာ တည်ရှိ နေဆဲဖြစ်သည်။ သူမ ၏ NLD ပါတီ ကလည်း ရန်ကုန်မြို့ ရုံးချုပ်တွင် နံနက် အာရုဏ်တက် ချိန်ကတည်း က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ကို ပင့်ဆောင်ကာ သူမ အတွက် ရည်စူး ဆွမ်းကပ် ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်မြောက်မှုကို ရည်စူးသော သင်္ကေတ အဖြစ် ချိုးငှက်များ နှင့် မိုးပျံပူဖောင်းများ ကို လေထဲ လွှတ်တင် ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် အား မြန်မာ စစ်အစိုးရ က မတရား အမှုဆင် ဖမ်းဆီး ထားခြင်း ကို ကမာ္ဘ နှင့် အဝှမ်း ကန့်ကွက်မှုများ ပြင်းထန်နေပြီး ဥရောပယူနီယံ၊ ဩစတြေးလျ နှင့် အမေရိကန် နိုင်ငံ တို့ က သူမကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ထပ်မံ တောင်းဆို ထားကြောင်း သိရှိရသည်။

 

alt
alt

LEAVE A REPLY

Please enter your comment!
Please enter your name here