ငါးမန်း သေများအတွင်း ကုတ်ကင်းများ ထည့်သွင်း သယ်ဆောင်

alt

ရေခဲ ရိုက်ထားသည့် ငါးမန်း အသေကောင်များ အတွင်း ထည့်သွင်း ၀ှက်ယူလာသည့် ကုတ်ကင်း ပမာဏ တတန်ကျော်ကို မက္ကစီကို ရေတပ်က ယမန်နေ့ က ဖမ်းဆီး ရရှိခဲ့သည်။

ထို ကုတ်ကင်းများသည် အမေရိကန်သို့ ခိုးသွင်းရန်ဖြစ်ပြီး မက္ကစီကို မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ၏ နည်းဗျူဟာသစ် တစ်ရပ်အဖြစ် ကြိုးပမ်းခဲ့သော်လည်း ရေတပ်က ဖော်ထုတ် နိုင်ခဲ့သည်။ လက်နက် အပြည့်အစုံ တပ်ဆင်ပြီး မျက်နှာဖုံးများ စွပ်ထားသည့် ရေတပ်သားများသည် မက္ကစီကို တောင်ပိုင်း ယူကာတန် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောအစင်း (၂၀) ကျော်ကို စစ်ဆင်ရေး တစ်ရပ်အဖြစ် ဇွန်လ (၁၇) ရက်နေ့က ၀င်ရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အနက် ကုန်တင်သင်္ဘော တစ်စင်းပေါ်မှ မသင်္ကာဖွယ်ရာ ကွန်တိန်နာ တစ်လုံးကို ရှာဖွေခဲ့ရာ ငါးမန်းသေများထဲတွင် လျှို့ဝှက်ထားသည့် ကုတ်ကင်းထုပ်များ ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို စစ်ဆင်ရေး အတွက် X-Ray စက်များနှင့် မူးယစ်ဆေးဝါးများ ရှာဖွေရန် အနံ့ခံ အထူးလေ့ကျင့် ပေးထားသည့် ခွေးများ ကို အသုံးပြုခဲ့သည်။

ကွန်တိန်နာ ပိုင်ရှင်ကို ဆက်လက် စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း မက္ကစီကို ရေတပ်က ကြေညာလိုက်သည်။ မက္ကစီကို နိုင်ငံမှ မူးယစ်ဆေးဝါး ဂိုဏ်းများသည် အမေရိကန် ပြည်ထောင်စုအတွင်း မှောင်ခို တင်သွင်းမှုများ နည်းမျိုးစုံဖြင့် ပြုလုပ်လေ့ရှိပြီး ၎င်းကို တားဆီးရန် မက္ကစီကို သမတ ဖီလစ်ပီကယ်ဒါရွန်က စစ်သည် (၄၅၀၀၀) နှင့် ရဲတပ်ဖွဲ့ များအား အသုံးပြု ကာကွယ်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here