CPU ထည့်သွင်း တပ်ဆင် ထားသည့် Samsung မိုဘိုင်းလ် ဖုန်းထုတ်လုပ်မည်

alt

800MHz CPU ထည့်သွင်း တပ်ဆင် ထားသော မိုဘိုင်းလ်ဖုန်း အမျိုးအစား သစ် တစ်ခုကို Samsung က ထုတ်လုပ် တော့မည် ဖြစ်ကြောင်း သိရှိ ရသည်။

နာမည်ကျော် မိုဘိုင်းလ်ဖုန်း ကုမ္မဏီ အနေနှင့် ကွန်ပျူတာများတွင် အသုံးပြုသော CPU ကို ဖုန်းအတွင်း တပ်ဆင် ပေးခြင်းဖြင့် မိုဘိုင်းလ် ဖုန်းများကို ကွန်ပျူတာသဖွယ် စွမ်းရည်ပြည့် အသုံးချ နိုင်ရေး ရည်မှန်းချက် အတွက် ပိုမိုနီးစပ် လာစေသည်။

ထိုဖုန်း ၏ အမည်ကို Jet S 8000 ဟု အမည်ပေးထားပြီး Touchscreen နည်းပညာ ပါရှိမည်ဟု သိရသည်။

ဖုန်းကို တီထွင်ရာ တွင် Asus P565 ကို CPU အဖြစ် အသုံးပြု ခဲ့သော်လည်း နောက်ပိုင်းတွင် Samsung 6410 ကို သာ အဓိက Processor အဖြစ် ထည့်သွင်း တပ်ဆင်ခဲ့သည်။ Touchscreen အတွက်လည်း TouchWiz 2.0 အသစ်ကို သုံးစွဲ ပေးထားပြီး Multimedia Feature အများအပြား ပါ၀င် လာကြောင်း သိရသည်။

ဖုန်း ကိုင်ဆောင်သူသည် Music Player၊ ဓာတ်ပုံအယ်လ်ဘမ်၊ Video Player၊ FM ရေဒီယို၊ ဂိမ်း နှင့် အင်တာနက် တို့ကို အသုံးပြု နိုင်မည်ဖြစ်ပြီး ဖုန်း နှင့် ပတ်သက်သော အခြား အသေးစိတ် အချက်အလက်များ မှာ အောက်ပါ အတိုင်းဖြစ်သည်။

 

  • Network: EDGE/GPRS Class 12 (850, 900, 1800, 1900MHz); HSDPA 3.6Mbps (900, 2100MHz)
  • CPU: 800MHz Samsung 6410
  • Interface: TouchWiz 2.0 interface with Motion UI, Media Gate 3D, Multi-tasking Manager
  • Dimensions: 4.3 inches x 2.1 inches x 0.47 inches (HWD)
  • Display: 3.1-inch 16M WVGA AMOLED display
  • Camera: 5.0-megapixel AF camera with face detection, Smile Shot, panorama shot, blink detection, geo-tagging, and photo editor. Video recording at 30fps with video editor
  • Music: Player with DNSe and SRS WOW Sound Effect, FM radio/recording
  • Audio Support: MP3, AAC, AAC+, eAAC+, WMA, AMR, MIDI, SP-MIDI,i-melody, WAV, MMF, XMF,
  • OMA DRM v2.1, WMDRM
  • Video Support: MPEG4, H.263, H.264, WMV, DivX, XviD
  • Web Browser: In-house-developed Dolfin browser
  • Other functions: A-GPS, on-board navigation (3D map), Microsoft Exchange ActiveSync, Share Pix & Mobile Widget
  • Connectivity: WiFi, Bluetooth v2.1, microUSB (USB v2.0 Hi-Speed)
  • Memory: 2GB or 8GB, plus External MicroSD slot (up to 16GB)
  • Battery: 1,100mAh
  • Talk time: 8.2 hours on 2G; 5 hours on 3G
  • Standby time: 422 hours on 2G; 406 hours on 3G

TouchWiz 2.0 သည် စာလုံးများရိုက်နှိပ်ရန် Touchscreen ကို အသုံးပြုရာတွင် ပိုမိုချောမွေ့ ကောင်းမွန်လာကြောင်း Samsung က ဆိုသည်။ အဆိုပါဖုန်းတွင် မှတ်ဉာဏ် ပမာဏ 2Gမှ 8G အထိ ထည့်သွင်းနိုင်ပြီး Slot တွင် 16G အထိ ထပ်ဖြည့် နိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here