အာဖဂန် တေးဂီတ အဖွဲ့ တာလီဘန် တို့ ၏ ဒဏ်ခတ် ခြင်းခံရ

alt

အာဖဂန်နစ္စတန် နိုင်ငံ ရှိ ကျေးရွာ ဒေသ တစ်ခု တွင် တေးဂီတ အဖွဲ့ တစ်ခုမှ အဖွဲ့ဝင်များ သည် တာလီဘန်တို့ ၏ ဒဏ်ခတ်မှု ကို ခံခဲ့ ရကြောင်း သိရသည်။

ဇွန်လ (၁၅) ရက်နေ့က မင်္ဂလာဆောင် တစ်ခုတွင် တီးမှုတ် ဖျော်ဖြေခဲ့သော ပြစ်မှု အတွက် ထို ည တွင် တေးဂီတ အဖွဲ့ဝင်များ ကို ခေါင်းတုံးရိတ် ကာ သစ်ပင်များ တွင် ကြိုး နှင့် ချည်သွားကြောင်း ဒေသခံ ရွာသူကြီး တစ်ဦး က ဆိုသည်။ တာလီဘန် တို့သည် ၎င်းတို့ အာဏာရနေသည့် (၁၉၉၆) မှ (၂၀၀၁) ခုနှစ်ထိ ကာလ အတောအတွင်း တီးမှုတ် ဖျော်ဖြေမှုကို အစ္စလာမ်ဘာသာ အရ အပြစ် ရှိသည်ဟု သတ်မှတ်ကာ တေးဂီတဖြင့် ဖျော်ဖြေမှုများကို ဥပဒေ ထုတ် ပိတ်ပင်ခဲ့သည်။

ယခုကဲ့သို့ မင်္ဂလာဆောင် တွင် ဖျော်ဖြေသူများ အပြစ်ပေး ခံရခြင်းသည် တာလီဘန်တို့ ၏ ဩဇာလွှမ်းမိုးမှုများ ကျန်ရှိ နေဆဲဖြစ်ကြောင်း အရိပ် လက္ခဏာလည်း ဖြစ်လာ ခဲ့သည်။ စစ်သွေးကြွများ သည် နိုင်ငံ အရှေ့ဘက် နှင့် တောင်ဘက်ရှိ ကျေးရွာများ တွင် တခါတရံ ပြန်ပေါ် လာတတ်ပြီး ဆူပူမှုများ ပြုလုပ် လေ့ရှိသလို အစိုးရ အရာရှိများ၊ ရဲများ၊ နိုင်ငံတကာ တပ်ဖွဲ့များနှင့် စာသင်ကျောင်းများ မှ ဆရာမများ ကို ဦးတည် တိုက်ခိုက် လေ့ ရှိသည်။ တာလီဘန်တို့သည် အမျိုးသမီးများ ပညာသင်ကြား တတ်မြောက်နေခြင်းကို လုံးဝလက်မခံနိုင်ဘဲ ပြဿနာရှာတတ်ကြောင်း ဒေသခံများကဆိုသည်။ ယခုလည်း မင်္ဂလာပွဲ ကျင်းပ နေစဉ် မှာ ပင် ဖျော်ဖြေရေး သမား (၅) ဦးကို ရုတ်တရတ် ပေါ်လာသော တာလီဘန်များ က ဆွဲခေါ် သွားသဖြင့် ပွဲပျက် ခဲ့ရကြောင်း နိုင်ငံ အရှေ့ပိုင်း မာကီခါးကျေးရွာ မှ လူကြီး တစ်ဦး ဖြစ်သူ ရာမာတူလာခန်း က ပြောကြား ခဲ့သည်။

အာဖဂန် ကျေးလက် ရိုးရာအရ မင်္ဂလာပွဲများ သည် ရိုးရာ အစဉ်အလာ အရ ဧည့်ပရိသတ် ရာ နှင့် ချီမျှ လာရောက်လေ့ရှိပြီး အတီးအမှုတ်၊ အက အခုန်များ ဖြင့် ညမိုးချုပ်ချိန် အထိ ကျင်းပ တတ်သော်လည်း ထို ဓလေ့ ကို တာလီဘန်များ က လုံးဝ မနှစ်ခြိုက်ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here