ဘရာဇီး လူငယ် ကစားသမားများ အားခေါ်ယူရန် မန်ယူကြိုးပမ်းနေ

alt

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့သွားသည့် ခရစ်စတီယာနို ရော်နာဒို နေရာတွင် အစားထိုးရန် ဘရာဇီးကြယ်ပွင့် ကစားသမားလေး ဒေါက်ဂလတ် ကောစတားကို စတင်ကြိုးစား နေပြီဖြစ်သည်။

ဂရီမီယို အသင်းမှ အသက်(၁၈)နှစ်သာ ရှိသေးသည့် လူငယ်လေးသည် ဥရောပအတွေ့ အကြံု လုံးဝ မရှိသေးသော်လည်း မန်ချက်စတာ နည်းပြကြီး ဖာဂူဆန်၏ ဘရာဇီး ကစားသမားများကို အသင်းအတွက် ပျိုးထောင်ပေးရာတွင် ထူးချွန်ခြင်း၊ ရော်နာဒိုအား လူမသိ သူမသိ ကစားသမားလေး အဖြစ်မှ ကမာ္ဘ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာသည်အထိ စင်တင် ပေးနိုင်ခဲ့ခြင်း စသည့် အတွေ့အကြံု များဖြင့် ကောစတာ အား အကြီးအကျယ် တိုးတက်လာအောင် စွမ်းဆောင် ပေးနိုင်မည်ဟု ယုံကြည်နေသည်။

ကောစတာ သည် ဘရာဇီး၏ အလားအလာ အကောင်းဆုံး သွေးသစ်လူငယ်လေးအဖြစ် ရှုမြင် ခံထားရသူဖြစ်ပြီး ၎င်းတို့၏ ဘရာဇီး ကိုယ်စားလှယ်မှ တဆင့် မန်ချက်စတာက ဂရီမီယို နှင့် ဆက်သွယ်နေသည်။ အသက်(၂၀) နှစ်အောက် ဘရာဇီး လက်ရွေးစင်လေးသည် ဂရီမီယိုနှင့် (၄)နှစ် သက်တမ်းရှိ စာချုပ်တစ်ခု ချုပ်ဆိုထားသည့်တိုင် စာချုပ်တွင် ပေါင်(၁၇.၈)သန်း ပေးပါက အသင်းမှ ထွက်ခွာနိုင်ကြောင်း အချက်တစ်ခု ပါရှိနေသဖြင့် မန်ချက်စတာက ထိုအချက်ကို အသုံးချ လာဖွယ်ရှိနေသည်။

ဖာဂူဆန် သည် ရော်နာဒို နေရာအတွက် ကစားသမား အတော်များများကို ပစ်မှတ်ထားနေပြီး ၀ီဂန်ကွင်းလယ်လူ အန်တိုနီယို ဗလန်စီယာကို ခေါ်ယူနိုင်ရေးမှာ အနီးစပ်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here