ဂွာတီနာမို အကျဉ်းသား လွှဲပြောင်း လက်ခံရေး တောင်းဆိုမှု အီတလီ လက်ခံ

alt

ဂွာတီနာမို အကျဉ်း စခန်းကြီး ပိတ်သိမ်းချိန် တွင် ထို စခန်းကြီးမှ အကျဉ်းသားများ ကို လွှဲပြောင်း လက်ခံ ပေးပါရန် အမေရိကန် သမ္မတ ဘာရတ် အိုဘားမား ၏ တောင်းဆိုမှုကို အီတလီနိုင်ငံက လက်ခံ ကူညီ သွားမည် ဟု ဆိုသည်။

အီတလီ ၀န်ကြီးချုပ် ဆီဗီယို ဘာလူစကိုနီ က အိမ်ဖြူတော် မှ အကူအညီ တောင်းခံမှု ကြောင့် ဂွာတီနာမို အကျဉ်းသား (၃) ယောက် ကို လွှဲပြောင်း လက်ခံသွားမည် ဟု အတည်ပြု ခဲ့သည်။ အမေရိကန် သည် ဂွာတီနာမို ထောင်ကြီးမှ အကျဉ်းသားများ ကို ကူညီ ထိန်းသိမ်း ပေးပါရန် မဟာမိတ် နိုင်ငံ အစိုးရများ အား အကူအညီ တောင်းခံ ထားပြီး မကြာသေးမီက ဥရောပ ယူနီယံက အကျဉ်းသားအချို့ ကို ဥရောပ သို့ လွှဲပြောင်း ရယူ သွားရန် ကတိပြု ခဲ့သေး သည်။

ဘာလူစကိုနီ နှင့် အိုဘားမား တို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် အီတလီအစိုးရက ယခုကဲ့သို့ လက်ခံ လိုက်ခြင်း ဖြစ်ပြီး ထို့ အတွက်လည်း ၀န်ကြီးချုပ် အား အထူးတလည် ကျေးဇူးတင်မိကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ ပြီးခဲ့သော သီတင်းပါတ်က အမေရိကန် သည် ဂွာတီနာမို အကျဉ်းသား (၃) ဦးအား ဆော်ဒီအာရေဗျသို့လည်းကောင်း၊ (၄)ဦးကို ဘာမြူဒါသို့လည်းကောင်း၊ အီရတ်နှင့် ချတ်နိုင်ငံများသို့ (၁) ဦးစီအားလည်းကောင်း လွှဲပြောင်းပေးရန် သဘောတူညီမှု ရရှိခဲ့သည်။ ထို့ကြောင့်လည်း လာမည့် နှစ် တွင် ဂွာတီနာမို အကျဉ်းထောင်ကြီး ပိတ်သိမ်း နိုင်ရေး မျှော်လင့်ချက် မှာ ပိုမို နီးစပ် လာပြီ ဖြစ်သည်။

ကျူးဘား တွင် တည်ဆောက် ထားသည့် အမေရိကန် စစ် အခြေစိုက် စခန်းရှိ ဂွာတီနာမို ထောင်ကြီးတွင် ဖမ်းဆီး ထိန်းသိမ်းထားသော အကျဉ်းသား အရေ အတွက် (၂၂၀) မျှ ရှိနေသေးပြီး အများစု သည် တစုံတရာ စွဲချက်တင်ခြင်း မျိုး မရှိသေးဘဲ အကျဉ်းကျ ခံနေ ရခြင်း ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here