တပည့်ဟောင်းနှစ်ဦးကို ခေါ်ယူရန် မော်ရင်ညို ပြင်ဆင်

alt

အီတလီ စီးရီးအေ ချန်ပီယံ အင်တာ မီလန် နည်းပြ ဟိုဆေး မော်ရင်ညို က ပေါ်တို တွင် ၎င်း နှင့် အတွဲ ညီခဲ့ သည့် တပည့်ဟောင်း ဒေကို နှင့် ရီကာဒို ကာဗယ်ဟို တို့ နှစ်ဦးလုံး ကို ချဲလ်ဆီး ထံမှ တပြိုင်တည်း ခေါ်ယူသွားရန် ပြင်ဆင် နေသည်။

ဒေကို သည် ချဲလ်ဆီးတွင် နေရာမရသဖြင့် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေပြီး ကာဗယ်ဟိုမှာလည်း မော်ရင်ညိုထံ လာရောက် ပူးပေါင်း လိုကြောင်း ၀န်ခံ ထားသည်။ နှစ်ဦးလုံး ပေါ်တူဂီ လက်ရွေးစင်များ ဖြစ်သည့် ဒေကိုနှင့် ကာဗယ်ဟို တို့သည် အင်တာမီလန် ၏ ယခုနှစ် အတွက် အဓိက ပစ်မှတ်များ ဖြစ်လာ နေကြောင်း အီတလီ သတင်းများ က ဆိုသည်။

အသက် (၃၁) နှစ်ရှိ ကာဗယ်ဟိုသည် ဘရာဇီး နောက်ခံလူ အဲလက်ခြေစွမ်း ပြလာပြီးနောက်ပိုင်း ၎င်း ၏ ပုံမှန်နေရာကို ဆုံးရှုံးခဲ့သဖြင့် စိတ်ပျက်လျက်ရှိပြီး မော်ရင်ညို ၏ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရသည်။ အဆိုပါ ကစားသမား(၂) ဦးလုံးသည် အသက် (၃၀) ကျော်မျှ ရှိနေပြီဖြစ်သော်လည်း အသင်း၏ စွမ်းဆောင်ရည်ကို အကောင်းဆုံး တိုးမြှင့်ပေးနိုင်မည့် စွမ်းအင် ရှိနေကြောင်း မော်ရင်ညိုက ယူဆ လျက်ရှိသည်။

သတင်းများ အရ ချဲလ်ဆီး နည်းပြသစ် ကာလိုအန်ဆလော့တီ ကလည်း အသင်းကို အသွင်သစ် ဖြင့် ဖွဲ့စည်း လိုသောကြောင့် အဆိုပါ ကစားသမား (၂) ဦးကို ရောင်းချ သွားဖွယ် ရှိကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here