ကင်ဂျုံအီ၏ အငယ်ဆုံး သားနှင့် တရုတ်သံတမန် တွေ့ဆုံမှု သတင်းအား ငြင်းဆို

alt

တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက မြောက်ကိုရီးယား သမတကြီး ကင်ဂျံုအီ၏ အငယ်ဆုံးသား တရုတ်နိုင်ငံသို့ လျှို့ဝှက်စွာ လာရောက် တွေ့ဆုံသည် ဆိုသော သတင်းများကို

ဇွန်လ (၁၆)ရက် နေ့က တရားဝင် ငြင်းချက် ထုတ်လိုက်သည်။

ထိုကြေညာချက် မတိုင်မီက သမတ ကင်၏ အရိုက်အရာကို လွှဲအပ်ခံ ထားရပြီးဖြစ်သော သားငယ် ကင်ဂျံုအန်း သည် တရုတ်နိုင်ငံသို့ တိတ်တဆိတ် လာရောက်ပြီး တရုတ် သမတ ဟူကျင်တောင်း နှင့် တွေ့ဆုံ ခဲ့သည်ဟု သတင်းများ ပြန့်နှံ့ နေခဲ့သည်။

ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ အရာရှိ ကွင်ဂန်းက ထိုသတင်းများ အတွက် တရုတ်နိုင်ငံသည် လုံးဝ ပတ်သက်မှု မရှိကြောင်း ပြောဆိုသွားသည်။ ဂျပန်နိုင်ငံ၏ အဆာဟိ သတင်းစာကြီးက ကင်ဂျံုအန်းသည် ဇွန်လ (၁၀)ရက်နေ့က တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် လျှို့ဝှက်စွာ ရောက်ရှိလာပြီး အရေးပေါ် စားနပ်ရိက္ခာ အထောက်အပံ့များ တောင်းခံခဲ့သည် ဟူသော ရေးသား ဖော်ပြချက်မှာ အခြေအမြစ် မရှိဟု ကွင် ကဆိုသည်။

သတင်းစာကြီးက တရုတ် သမတသည် ထိုကိစ္စအတွက် အကူအညီပေးရန် စဉ်းစားမည်ဖြစ်ပြီး မြောက်ကိုရီးယားကိုလည်း တတိယမြောက် အနုမြူဗုံးအား စမ်းသပ်ဖောက်ခွဲခြင်း မပြုပါရန် မေတ္တာ ရပ်ခံခဲ့ကြောင်း ရေးသားထားသည်။ ကွင် က မြောက်ကိုရီးယား အရေးကိစ္စသည် တရုတ်နိုင်ငံနှင့် တိုက်ရိုက် မပတ်သက်ဘဲ ၎င်းတို့သည် ကုလသမဂ္ဂ နှင့်သာ လက်တွဲ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here