Hannah Montana ဇာတ်လမ်းတွဲများ အဆုံးသတ်မည်

alt

နာမည်ကျော် Hannah Montana ဇာတ်လမ်းတွဲများ သည် အပြီးသတ်ရန် တစထက် တစ နီးကပ် လာပြီ ဖြစ်ကြောင်း ဘီလီရေး ဆိုင်းရပ် က ထုတ်ဖော် ပြောကြား လိုက်သည်။

ထိုဇာတ်ကားတွင် အဓိကဇာတ်ဆောင်အဖြစ် ပါ၀င် နေသည့် နာမည်ကျော် ဆယ်ကျော်သက် မင်းသမီးလေး မီလီဆိုင်းရပ် ၏ ဖခင် ဖြစ်သူ ကျေးလက်ဂီတ အဆိုတော်က Hannah Montana သည် လာမည့်နှစ် တွင် အဆုံးသတ် တော့မည်ဟု အရိပ်အမြွက် ပြောဆို သွားသည်။ လက်ရှိ အချိန်တွင် Season 3 ကို ရိုက်ကူး နေပြီ ဖြစ်သော်လည်း မီလီ ၏ တောင်းဆိုချက်ကြောင့် နောက်ထပ် Season တစ်ခု ရိုက်ကူးပြီး အဆုံးသတ်ရန် နီးစပ် နေကြောင်း ဘီလီ က ပြောကြား ခဲ့သည်။

မီလီသည် ထိုဇာတ်ကား အလျင်အမြန် ပြီးဆုံး သွားမည် ကို စိတ်မကောင်း သဖြင့် နောက်ထပ် Season တစ်ခု ထပ်ရိုက်ပေးပါရန် တောင်းဆိုမှု ကြောင့်သာ ယခုလို ဆက်ရိုက် ဖြစ်သွားခြင်း ဟု ဘီလီ က ဆိုသည်။ Hannah Montana အတွက် နောက်ထပ် (၁၁) နာရီရှည်သော Season တစ်ခု ရိုက်ကူးပြီးပါက အဆုံးသတ် သွားဖွယ်ရှိကြောင်း နာမည်ကျော် အဆိုတော်က ပြောကြား ခဲ့သည်။ Season 4 ကို ရိုက်ကူးမှုသည် (၂၀၁၀)၊ ဇန်နဝါရီလတွင် လက်စသတ် နိုင်ဖွယ် ရှိနေသည် ဟု လည်း ဘီလီ ကဆိုသည်။

Hannah Montana အနေ နှင့် အကြီးအကျယ် အောင်မြင်မှု ရရှိ နေသော်လည်း ရပ်နားရန် စီစဉ် နေခြင်း နှင့် ပတ်သတ်ပြီး ဟောလီးဝုဒ် တွင် ထင်မှတ် မထားသည့် အရာ အားလုံး ဖြစ်လာ နိုင်ကြောင်း ဘီလီ က မှတ်ချက် ပြု သွား သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here