မိုင်လီဆိုင်းရပ်စ် အချစ်ဟောင်းနှင့် ပြန်လည် သင့်မြတ်နေ

alt

Hannah Montana ဇာတ်ဆောင် မင်းသမီးလေး မီလီဆိုင်းရပ် သည် သူမ၏ အဆက်ဟောင်း နှင့် ပြန်သင့် မြတ်နေ ကြောင်း ဟောလီးဝုဒ်မှ လာသော သတင်းများအရ သိရှိရသည်။

မီလီ သည် ပြီးခဲ့သော သီတင်းပါတ် ကမှ သူမ ၏ ချစ်သူ ဂျက်စတင် ဂက်စတန်း နှင့် လမ်းခွဲခဲ့ပြီး ယခုအခါတွင် Jonas Brothers အဖွဲ့မှ နာမည်ကျော် အဆိုတော်လေး နစ်ဂျိုနက် နှင့် ပြန်အဆင်ပြေ နေပြီဟု ထုတ်ဖော် ၀န်ခံခဲ့သည်။ မီလီ နှင့် နစ် တို့သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့် က ချစ်သူများ ဖြစ်ခဲ့ ပြီးနောက် စိတ် သဘောထားချင်း မတိုက်ဆိုင် သဖြင့် လမ်းခွဲ ခဲ့ကြဖူးသည်။

ယခု အခါတွင်မူ ထိုစဉ် က မရင့်ကျက်မှုကြောင့် ပြီးစလွယ် ဆုံးဖြတ်ခဲ့မှုမျိုးကို နှစ်ယောက် စလုံး မပြုလုပ် ကြတော့ဟု ယုံကြည် ထားကြောင်း မီလီ က ဆိုသည်။ မီလီ သည် ဂက်စတန်း နှင့် တွဲနေချိန် ကတည်းကပင် အချစ်ဦးဖြစ်သော နစ် အပေါ် သံယောဇဉ် မပြယ်ကြောင်း အမြဲတမ်း ပြောဆို လေ့ရှိပြီး သူမ နှင့် နစ် တို့ မှာလည်း သူငယ်ချင်းများအဖြစ် ဆက်လက်ရှိ နေခဲ့ကြသည်။

ယခု အခါတွင်မူ ဂက်စတန်း နှင့် လမ်းခွဲခဲ့ပြီး နစ် နှင့် ဆက်သွယ်နေသလို ထိုသို့ လမ်းခွဲရခြင်း မှာလည်း နစ် နှင့် မီလီ တို့အကြား တကျော့ပြန် ဇာတ်လမ်း စလာမှုကြောင့် ဖြစ်နိုင်ကြောင်း ပရိသတ်များ က သုံးသပ် ခဲ့ကြသည်။

မီလီက သူမ နှင့် နစ်တို့ ပြန်လည် အဆင်ပြေ နေကြောင်း ပြောဆို ထားသော်လည်း နစ် ကမူ ထိုကိစ္စ အပေါ် တစုံတရာ မှတ်ချက်မပေး မတုန့်ပြန်သေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here