မာချီယာနိုး နှင့် အလွန်ဆို တို့အား ရောင်းမည် မဟုတ်

alt

လီဗာပူး အသင်းက ၎င်း တို့၏ ကွင်းလယ် ကစားသမား (၂) ဦး ဖြစ်သော ဟာဗီးယား မာချီယာနိုး နှင့် ဇာဘီ အလွန်ဆို တို့အား ရောင်းချ သွားမည် မဟုတ်ကြောင်း အတည်ပြု ပြောဆို လိုက်သည်။

ထို ကစားသမား (၂) ဦး စလုံးသည် ယခုနှစ် အပြောင်းအရွှေ့ ကာလ အတွင်း စပိန်မြေသို့ ပြောင်းရွှေ့ တော့မည်ဟု သတင်းကြီး နေသော်လည်း အင်္ဂလန် ကလပ် က အဓိက ကွင်းလယ်လူ (၂) ဦးကို အဆုံးရှုံး မခံနိုင်ဟု ကြေညာ ထားခဲ့သည်။

အလွန်ဆို သည် စပိန်ထိပ်သီး ရီးရဲလ် မက်ဒရစ်၏ အာရုံစိုက်မှုကို ခံနေရသူ ဖြစ်ပြီး ရီးရဲလ် ဥက္ကဌ ဖလော်ရင်တီနို ပီရက်စ် က ၎င်းအတွက် မြင့်မားသော ပြောင်းရွှေ့ကြေး တရပ်ဖြင့် ကမ်းလှမ်းမည် ဟု ပြောဆိုလိုက်ကာ ၎င်းအပြင် အာဆင်နယ်၊ ဂျူဗင်းတပ် နှင့် မန်ချက်စတာ စီးတီး စသော အသင်းများ ကလည်း အသက် (၂၈) နှစ်ရှိ စပိန် လက်ရွေးစင်အား အလိုရှိ နေကြစဲ ဖြစ်သည်။

မာချီယာနိုး မှာမူ စပိန် နှင့် ဥရောပ ချန်ပီယံ ဘာစီလိုနာ မှ ပစ်မှတ် ထားနေသော ကစားသမား ဖြစ်သည်။ အသက် (၂၅) နှစ်ရှိ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ် ကစားသမား ကလည်း ဘာစီလိုနာသို့ ပြောင်းရွှေ့လိုကြောင်း ၀န်ခံ ထားခဲ့သည်။ သို့သော်လည်း လီဗာပူး နည်းပြကြီး ရာဖေးဘင်နီတက်စ် က အသင်း ရေရှည် အောင်မြင်မှု အတွက် အဆိုပါ ကစားသမား (၂) ဦးအား ရောင်းမထုတ်နိုင်ဟု အတိအလင်း ပြောဆို ထားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here