အမျိုးသမီးများ စုရုံး စကားပြောခြင်း ကျန်းမာရေးအတွက် ကောင်း

alt

စုစုရုံးရုံး နှင့် စကားစမြည် ပြောဆို တတ်သော အလေ့အထ သည် အမျိုးသမီးများ ၏ ကျန်းမာရေး အတွက် ကြီးကြီးမားမား အထောက်အကူ ပြုကြောင်း သိရှိရသည်။

အမျိုးသမီးများ ၏ အပြန်အလှန် စပ်စုခြင်း၊ စကားများခြင်း တို့ကို အမျိုးသားများ က နှစ်ခြိုက်လေ့ မရှိသော်လည်း အဆိုပါ အပြုအမူ သည် အမျိုးသမီးများ ကို ပိုမို ကျန်းမာစေ သလို ပိုမိုပြီး ပျော်ရွှင် နှစ်သိမ့်စေကြောင်း သိပ္ပံပညာရှင်များ က ရှာဖွေ တွေ့ရှိခဲ့ ကြသည်။

သုတေသီများ က တီးတိုး သတင်းဖလှယ် တတ်သော အမျိုးသမီးများ တွင် Progesterone ခေါ် ဟိုမုန်း တစ်မျိုး ၏ Level မြင့်တက်နေပြီး ထို ဟိုမုန်းသည် စိတ်အလိုမကျ ဖြစ်ခြင်း နှင့် စိတ်ဖိစီးမှု တို့ကို လျှော့ချ ပေးနိုင်ကြောင်း ပြောကြား ခဲ့ကြသည်။ အဆိုပါ တွေ့ရှိချက်သည် လူမှု ဆက်ဆံရေး နယ်ပယ်တွင် အရေးပါပြီး အမျိုးသမီးများ အား စိတ်လက် ပျော်ရွှင်စေကြောင်း သိရှိရသည်။

မစ်ရှီဂန် တက္ကသိုလ် မှ ပညာရှင်များသည် အမျိုးသမီး (၁၆၀) ၏ နေထိုင်မှု ဓလေ့စရိုက်များ ကို စနစ်တကျ လေ့လာပြီး မေးခွန်းများ ထုတ်ကာ ၎င်းတို့၏ စိတ်အခြေအနေ ကို မှတ်တမ်းတင် ခဲ့ကြရာ မှတ်တမ်းများအရ အပြန်အလှန် စကားပြောဆိုမှု များပြီး နှုတ်အာဝဇွန်း ရွှင်သော မိန်းကလေး များသည် စကား အပြောအဆို နည်းသည့် မိန်းကလေးများ ထက် သိသိသာသာ စိတ်ပိုင်းဆိုင်ရာ တက်ကြွ ရွှင်လန်း နေသလို ကျန်းမာရေး အခြေအနေလည်း ပိုမို ကောင်းမွန် နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here