ဆိုမာလီယာတွင် တိုက်ခိုက်မှုများ ပြင်းထန်

alt

ကုလ သမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီ (UNHCR) က ဆိုမာလီယာ နိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေသော သူပုန်နှင့် အစိုးရ အကြား အပြင်းအထန် တိုက်ခိုက်မှု များကြောင့် လူပေါင်း (၁၂၀၀၀၀) ကျော်သည် အိုးအိမ်များကို စွန့်ခွာ ခဲ့ရကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။

မေလ (၈) ရက်နေ့မှ စပြီး မြို့တော် မိုဂါဒစ်ရှူး တွင် တိုက်ပွဲများ ကြမ်းတမ်း ပြင်းထန် လာသဖြင့် လူပေါင်း (၁၂၂၀၀၀) မျှသည် မြို့တော်မှ ထွက်ပြေး သွားပြီဟု UNHCR က ဆိုသည်။ အချို့ တို့မှာလည်း မိုဂါဒစ်ရှူး ရှိ အခက်ထန်ဆုံး၊ သွေးပျက် ခြောက်ခြားစရာ အကောင်းဆုံး တိုက်ခိုက်မှုများ အကြား ပိတ်မိ နေဆဲဟု အဆိုပါ အဖွဲ့ကြီး က ဇွန်လ (၁၂) ရက်နေ့က ကြေညာ ခဲ့သည်။

အဆိုပါ တိုက်ပွဲများ သည် လက်နက်ကိုင် သူပုန်များ နှင့် အစိုးရ တပ်များ ကြား ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး မေလ ကတည်းက တိုက်ခိုက်ခဲ့သော စစ်ပွဲမှာ ယခုတိုင် အဆုံးမသတ် နိုင်သေးကြောင်း UNHCR က ပြောကြား ခဲ့သည်။ UNHCR အနေ နှင့် မိုဂါဒစ်ရှူး အရှေ့တောင်ပိုင်း ဒေသများ တွင် ဒုက္ခသည် (၃၀၀၀၀) ခန့်အား ထိန်းသိမ်း စောင့်ရှောက် နိုင်မည့် စခန်းများ ကြိုတင် ဖွင့်လှစ် ထားသော်လည်း လုံလောက်သော ပမာဏ အထိ ဖြည့်တင်း ပေးနိုင်စွမ်း မရှိသေးကြောင်း ၀န်ခံ ထားသည်။

အယ်ရှာဘက် နှင့် ဟက်ဇာဘူ အစ္စလာမ် အကြမ်းဖက် အဖွဲ့များ နှင့် ဆိုမာလီ အစိုးရ စစ်တပ်တို့ အပြင်းအထန် ဆင်နွှဲနေသော တိုက်ပွဲများ အတွင်း အနည်းဆုံး အရပ်သား (၂၀၀) မျှ သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း UNHCR က ခန့်မှန်း ထားသည်။ ထို့အပြင် မုဒိမ်းမှု၊ လူသတ်မှုနှင့် အခြားသော ရက်စက် ကြမ်းကြုတ်မှုများ လည်း ဖြစ်ပွား နေသဖြင့် ဒုက္ခသည်များ ယခုကဲ့သို့ အစုလိုက် အပြံုလိုက် ထွက်ပြေး နေခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here