တမီလ်ကျား သူပုန်တို့၏ ရေငုပ် သင်္ဘော ရှာဖွေတွေ့ရှိ

alt

သီရိလင်္ကာ တပ်ဖွဲ့ များသည် တမီလ်ကျား သူပုန်တို့ အသုံးပြု ခဲ့သည်ဟု ယူဆရသော ရေငုပ် သင်္ဘော တစ်စင်း ကို ပထမဆုံး အကြိမ် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

သီရိလင်္ကာ စစ်ဘက် က အပြီးအပိုင် လက်နက်ချ ပြီးဖြစ်သော တမီလ်ကျား တို့ ၏ စစ်လက်နက် များကို လိုက်လံရှာဖွေ သိမ်းဆည်းလျှက် ရှိရာ ယခု ရေငုပ် သင်္ဘော ကို အရှေ့ မြောက်ဘက် ကမ်းခြေ ရှိ မူလတ်တီယူ ခရိုင် ကမ်းခြေ ဒေသတွင် သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။ ရေငုပ် သင်္ဘောသည် အရှည် (၂၄) ပေမျှ သာရှိသော သေးငယ် သည့် အမျိုးအစား ဖြစ်ကြောင်း သီရိလင်္ကာ စစ်ဘက်က ကြေညာသည်။

ပြီးခဲ့သော လ ကမှ (၂၄) နှစ်တာ ပဋိပက္ခ ကို အဆုံးသတ်သည့် အနေ နှင့် တမီလ် တို့ လက်နက်ချ ခဲ့ပြီးနောက်ပိုင်း ယခု သင်္ဘော မှာ ပထမဆုံး သိမ်းဆည်း ရမိသည့် ရေငုပ် သင်္ဘော ဖြစ်လာ ခဲ့ကြောင်း သိရှိရသည်။ ထို မတိုင်မီ ကလည်း တမီလ်တို့ အသုံးပြုသည့် ရေငုပ် သင်္ဘောများ ကို သိမ်းဆည်း ရမိဖူးသော်လည်း လက်နက်ချသည့် ကာလ နောက်ပိုင်း သိမ်းဆည်း မိသည်မှာ ယခုအရာ သည် ပထမဆုံး ဖြစ်သည်။ ထို့အပြင် အခြားသော လက်နက် နှင့် ခဲယမ်း မီးကျောက် ပမာဏ အမြောက်အမြား ကိုလည်း စစ်တပ်က ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ရာပေါင်း များစွာသော အော်တိုမက်တစ် ရိုင်ဖယ် သေနတ်များ၊ မြေမြှုပ် ဗုံးများ၊ မော်တာ ကျည်ဆန်များ ကို (၂) ရက်ကြာ ရှာဖွေမှုများ ပြုလုပ်ပြီး နောက် ဇွန်လ (၁၄) ရက်နေ့က သိမ်းဆည်း ရမိခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here