အီရန်ရွေးကောက်ပွဲ အာမက်ဒီနီဂျက် အောင်ပွဲခံ

alt

အီရန် သမ္မတ မိုဟာမက် အာမက်ဒီနီဂျက် က ၎င်း ၏ ဒုတိယ အကြိမ်မြောက် သမ္မတ အဖြစ် ရွေးကောက်ခံရခြင်းအား အပြင်းအထန် ဆန္ဒပြ နေမှုများ ရှိနေလင့် ကစား ၎င်းသည် ညီညွတ် မျှတသော နည်းလမ်း ဖြင့် ရွေးကောက် ခံရခြင်းသာ ဖြစ်ကြောင်း ကာကွယ် ပြောကြား လိုက်သည်။

အာမက်ဒီနီဂျက် သည် ဇွန်လ (၁၄) ရက်နေ့က သမ္မတ အဖြစ် ဒုတိယ အကြိမ် ရွေးကောက် ခံရသော်လည်း ၎င်းသည် ရွေးကောက်ပွဲ အနိုင် ရရှိစေရန် မသမာသော နည်းလမ်းများ အား သုံးစွဲခဲ့သည် ဟု အတိုက်အခံ ခေါင်းဆောင် မာဟူဆင်းမူဆက်ဗီက စွပ်စွဲ ထားသည်။ မူဆက်ဗီ အား ထောက်ခံသူများ အား အီရန် ရဲတပ်ဖွဲ့ များက အကြမ်းဖက် နှိမ်နင်းမှုများ သည် အာမက်ဒီနီဂျက် အနေနှင့် အာဏာ ကို မရိုးမသား ရယူခဲ့ခြင်း ၏ အထောက်အထားပင် ဖြစ်ကြောင်း မူဆက်ဗီ ကဆိုသည်။

ရွေးကောက်ပွဲများ ပြီးဆုံး သွားပြီ ဖြစ်သည့်တိုင် နိုင်ငံ၏ နှစ်ပေါင်း (၃၀) ကြာ သမိုင်းတလျှောက် အဆိုးရွားဆုံး မငြိမ်သက်မှုများ မှာ ဆက်လက် ပေါ်ပေါက် နေဆဲဖြစ်သည်။ အာမက်ဒီနီဂျက် အား ဆန့်ကျင်သူများ သည် မြို့တော် တီဟရန် ၏ လမ်းများ နှင့် အိမ်ခေါင်မိုးများပေါ် မှနေ၍ အီရန် သမ္မတ အား ဆန့်ကျင်ကြောင်း ဟစ်အော် ကြွေးကြော် နေခဲ့ကြ သဖြင့် နောက်ပိုင်းတွင် အီရန် အာဏာပိုင်များ က အတိုက်အခံ ဆန္ဒပြသူများ လွတ်လပ်စွာ စုရုံးခွင့် ကို ပိတ်ပင် ခဲ့သည်။

တီဟရန် တွင် မူဆက်ဗီ အား ထောက်ခံသူ (၁၀၀) ခန့် အား အီရန် ရဲတပ်ဖွဲ့ဝင်များ က အကြမ်းဖက် ရိုက်နှက် လူစုခွဲခဲ့ပြီးနောက် ဆန္ဒပြမှုများ မှာ ပိုမို ကျယ်ပြန့်စွာ ပေါ်ပေါက် နေဆဲ ဖြစ်သည်။ အာမက်ဒီနီဂျက် က မူ အတိုက်အခံများ စွပ်စွဲ သကဲ့သို့ ၎င်းသည် အာဏာ ကို လိမ်ညာ ယူခဲ့ခြင်း မရှိကြောင်း နှင့် ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး မှန်ကန် တိကျမှု ရှိကြောင်း ပြောဆို ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here