Nokia မိုဘိုင်းလ်ဖုန်း မော်ဒယ်သစ် ထုတ်လုပ်

alt

ကမာ္ဘ့ အကြီးဆုံး မိုဘိုင်းလ်ဖုန်း ကုမ္မဏီကြီး တစ်ခုဖြစ်သော Nokia သည် နောက်ထပ် မော်ဒယ်သစ် မိုဘိုင်းလ် ဖုန်း တစ်မျိုး ကို ထုတ်လုပ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဖင်လန်အခြေစိုက် Nokia ၏ အသစ်ထုတ် ဖုန်းအမျိုးအစား E72 သည် ယခင် Version ဟောင်း E71 တွင် ပါရှိသည့် အားနည်းချက်၊ ချွတ်ယွင်းချက်များ အားလုံး ကို ပြန်လည် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း Nokia ကဆိုသည်။ Touchscreen နည်းပညာ ပါရှိသော E72 သည် ကင်မရာ အရည်အသွေး ပိုမို ကောင်းမွန်လာပြီး E71 ၏ 3.2 megapixel ကင်မရာအစား 5.0 megapixel ထိ တိုးမြှင့် ပါရှိလာသည်။ Audio jack တွင်လည်း ယခင် (2.5)mm မှ (3.5)mm သို့ ပြောင်းလဲ ပေးထားခဲ့သည်။

အသစ် ထည့်ပေးထားသော Quickoffice သည် Microsoft ၏ Office 2007 မှ ဖိုင်များကို အသုံးပြု၍ ရနိုင်စေသည်။ E71 တွင် OS အဖြစ် S60 3.1ကို အသုံးပြုခဲ့သော်လည်း ယခုဖုန်းတွင်မူ Symbian S60 3.2 ကို သုံးစွဲထားသည်။ ထို့အပြင် Keyboard ကိုလည်း E63 ကို အခြေခံကာ ပိုမို ကောင်းမွန်အောင် အနည်းငယ် ပြင်ဆင် ပေးထားကြောင်း သိရသည်။

Nokia အနေနှင့် ၎င်း တို့၏ ကုန်ပစ္စည်းသစ် ကို တစ်ကမာ္ဘလုံး အတိုင်းအတာဖြင့် ရောင်းချ သွားနိုင်ရန် မျှော်လင့်ထားပြီး ထို ဖုန်းအား (၂၀၀၉) ခုနှစ် နှောင်းပိုင်းလောက်တွင် ဈေးကွက်အတွင်း စတင် ဖြန့်ဖြူးသွားဖွယ် ရှိနေပြီး ဈေးနှုန်းမှာ ယူရိုငွေ (၃၅၀) မျှ ကျသင့် နိုင်ကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here