အမျိုးသားများ ကင်ဆာရောဂါဖြင့် ပိုမိုသေဆုံးနိုင်

alt

အမျိုးသားများ သည် ကင်ဆာ ရောဂါ ဖြင့် သေဆုံး နိုင်ခြေတွင် အမျိုးသမီးများ ထက် (၄၀) ရာခိုင်နှုန်း ခန့် ပိုမို မြင့်မားကြောင်း သုတေသန စစ်တမ်းတစ်ခု က ဖော်ပြ ခဲ့သည်။

ဗြိတိန်ရှိ National Intelligence Network and Cancer Research မှ သုတေသနပြုထားသော စာရင်းများအရ အမျိုးသားများသည် အစာအိမ် ကင်ဆာ နှင့် အသည်း ကင်ဆာ စသည်တို့ ဖြစ်ပွား နိုင်ခြေတွင် သာမန်ထက် (၇၀) ရာခိုင်နှုန်းမျှပင် များပြား နေနိုင်ကြောင်း သိရှိ ရသည်။ သုတေသီများ သည် ယခင်က ကင်ဆာ ဖြစ်ပွားနိုင်မှု အတိုင်းအတာတွင် အမျိုးသား၊ အမျိုးသမီးများ တန်းတူ အခွင့်အရေးရှိကြောင်း ယုံကြည် ခဲ့သော်လည်း ယခုစစ်တမ်းက ထိုအချက် လွဲမှား နေကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

သုတေသီအဖွဲ့ တွင် ပါ၀င်သော ပရော်ဖက်ဆာ ဒေးဗစ်ဖော်မန် က အဆိုပါ ကိစ္စ အတွက် ဆေးပညာ သဘောတရား အရ တိတိကျကျ လက်ဆုပ်လက်ကိုင် အထောက်အထား မပြသ နိုင်ကြောင်း ၀န်ခံ ခဲ့သည်။ သို့သော်လည်း အမျိုးသားများ သည် အမျိုးသမီးများ ထက် ကင်ဆာကြောင့် သေဆုံးရန် ပိုမိုနီးစပ်ကြောင်း စစ်တမ်းများ က ဖော်ပြ နေသည်ဟု ဆိုသည်။ ထိုသို့ ဖြစ်ရ ခြင်းသည် ယျေဘူယျ အားဖြင့် အမျိုးသား နှင့် အမျိုးသမီးများ လူနေမှုပုံစံ ကွာခြား ခြင်းကြောင့်ဟု မှတ်ယူ သင့်ကြောင်း ဖော်မန် က ဆိုသည်။

အမျိုးသားများ သည် ကျန်းမာရေး စောင့်ရှောက်မှု ပေါ့လျော့လေ့ရှိသော်လည်း အမျိုးသမီးများ က မူ တစုံတရာ မသင်္ကာတိုင်း ဆရာဝန် ထံသွားရောက် ပြသလေ့ရှိသဖြင့် ကင်ဆာ ဖြစ်နေပါ က အစောပိုင်းကတည်းက သိရှိရသောကြောင့် ကြိုတင် ကုသ နိုင်ပြီး ကင်ဆာကြောင့် သေဆုံးရမှု ကို လျှော့ချ နိုင်ကြောင်း ပရော်ဖက်ဆာကြီး က ရှင်းပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here