ခွေး အချစ်တတ်ဆုံး မင်းသမီး ဂျင်နီဖာ အနစ္စတန်

alt

မည်သည့် Celebrity က ခွေးများ အပေါ် အချစ်ခင်ဆုံး ဖြစ်ကြောင်း ကောက်ခံသော စစ်တမ်း တခုတွင် မင်းသမီး ဂျင်နီဖာ အင်နစ္စတန် က ထိပ်ဆုံးနေရာ မှ ရပ်တည် ခဲ့သည်။

AOL မှ စနစ်တကျ ကောက်ခံပြုစုသော စာရင်းတွင် မဲပေးသူအားလုံး၏ (၇၀) ရာခိုင်နှုန်းက အင်နစ္စတန်သည် သူမ ၏ ခွေးအပေါ် အချစ်ခင်ဆုံး၊ ဂရုအစိုက်ဆုံး ဟု ထောက်ခံ ခဲ့ကြသည်။

The Wrestler ဇာတ်ကားဖြင့် ရွှေကမာ္ဘလုံးဆု ရရှိခဲ့သူ မင်းသား မစ်ကီရော့ကေး က အင်နစ္စတန် နောက်တွင် ဒုတိယ ချိတ်သည်။ သို့သော်လည်း ၎င်း မွေးထားသည့် ခွေးကလေး လိုကီ ကမူ ပိုင်ရှင်ဖြစ်သူ ၏ ရက်ရောစွာ ပေးကမ်းခြင်း ကို ရရှိသည့် ခွေးများ အနက် ပထမ နေရာ တွင် ရပ်တည်နေကြောင်း သိရသည်။

ရော့ကေးသည် ၎င်းဆင်မြန်းလေ့ရှိသော လည်ဆွဲကို လိုကီ၏ လည်ပင်းတွင် ဆွဲပေးထားခြင်းကြောင့် လိုကီမှာ ခွေးများအနက် ကံအထူးဆုံး ခွေးတစ်ကောင် ဖြစ်ကြောင်း မဲပေးသူများက ယူဆခဲ့ကြသည်။ Celebrity များ၏ ခွေးများအနက် ပရိသတ် အကြိုက်ဆုံး ခွေးအဖြစ်မူ အမန်ဒါဘိုင်နီ မွေးထားသည့် ခွေးကလေး ဂစ်စမိုက အောင်ပွဲဆင်သွားသည်။

၎င်းသည် ပဲရစ်ဟီတန် နှင့် ဘရစ်တနီစပီးယား တို့ ၏ ခွေးများ ထက် မဲအသာစီး ရခဲ့ပြီး မဲအားလုံး၏ (၅၄) ရာခိုင်နှုန်းဖြင့် ပထမရ ခဲ့သည်။ လီယွန်နာဟစ်စလီ၏ ခွေးကလေးကမူ နောင်ရေးအ တွက် စိတ်အအေးရဆုံး ခွေးသူဌေးလေး ဖြစ်သွားခဲ့ရသည်။ ၎င်း ၏ ပိုင်ရှင်က ခွေးကလေး အမည်ဖြင့် ရံပုံငွေ ဒေါ်လာ (၁၂) သန်း ထူထောင် ပေးထားသည်။

အခြား နာမည်ကြီး ခွေးတစ်ကောင်မှာ အမေရိကန် သမ္မတကြီး ဘာရက် အိုဘားမား အိမ်ဖြူတော် ရောက်ရှိ ပြီးနောက် တဟုန်ထိုး လူသိများလာသည့် သမတ အချစ်တော် ခွေးကလေး ဘို ဖြစ်ပြီး အချိန်တိုအတွင်း လူအာရုံ အစိုက်ခံရဆုံး ခွေးကလေး အဖြစ် မှတ်တမ်းတင် ရွေးချယ်ခြင်း ခံခဲ့ရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here