ရီးရဲလ်အသင်း၏ ကစားသမား ခေါ်ယူနေမှုအား နောက်ခံလူ ဝေဖန်

alt

ရီးရဲလ် မက်ဒရစ် ခံစစ်မှူး ခရစ်စတိုဖာ မက်ဇဲဒါး က ၎င်းတို့ အသင်းသည် ပြောင်းရွှေ့ကြေး အမြောက်အမြားဖြင့် ကစားသမားများ ကို ခေါ်ယူ နေခြင်းသည် ငွေဖြုန်းခြင်း သက်သက်သာ ဖြစ်ကြောင်း ရှုတ်ချ လိုက်သည်။

ဂျာမနီ လက်ရွေးစင် ခံစစ်မှူး လည်း ဖြစ်သည် မက်ဇဲဒါး က အသင်းဥက္ကဌ ဖလော်ရင်တီနို ပီရက်စ် ၏ ငွေကြေး အမြောက်အမြား သုံးစွဲနေမှု အပေါ် စိတ်ပျက်လျှက်ရှိပြီး ကမာ္ဘ့စီးပွား ပျက်ကပ် ဆိုက်နေချိန်တွင် ပီရက်စ်၏ လုပ်ရပ်မှာ အလွန် ဆိုးရွားကြောင်း ထောက်ပြ ပြစ်တင် ပြောဆိုခဲ့သည်။

ပီရက်စ် သည် ခရစ်စတီယာနို ရော်နာဒို အား ယူရို (၉၄) သန်း ဖြင့် မန်ချက်စတာ ယူနိုက်တက် မှ ခေါ်ယူခဲ့သလို ရီကာဒို ကာကာ ကိုလည်း ယူရို (၆၅) သန်း ဖြင့် အေစီမီလန် မှ ခေါ်ယူ ထားသည်။ ထို့ အပြင် ဒေးဗစ်ဗီလာ အတွက် ယူရိုသန်း (၅၀)၊ ဖရန့်ရစ်ဘာရီ ကို ယူရို (၆၅) သန်းဖြင့် ခေါ်ယူသွားရန် စိုင်းပြင်း နေသည်ကိုလည်း ပြောဆိုသွားခဲ့သည်။ ထို လုပ်ရပ်များ ကြောင့် အသင်းရှိ ကစားသမားများ စိုးရိမ်ကြောင့်ကြ များလာပြီး စိတ်ဓာတ်ဆိုင်ရာ မညီညွတ်မှုများ ဖြစ်လာ နိုင်ကြောင်း မက်ဇဲဒါး က ပြစ်တင် ပြောကြားခဲ့သည်။

မက်ဇဲဒါး ကဲ့သို့ပင် ရီးရဲလ် မက်ဒရစ် ကစားသမားဟောင်း လူးဝစ်ဖီဂို နှင့် ရီးရဲလ် မက်ဒရစ်မှ စပိန် တိုက်စစ်မှူး ရာအူး ဂွန်ဇာလက် တို့ ကလည်း ပီရက်စ် ၏ လုပ်ရပ်များ အပေါ် ပြစ်တင် ရှုတ်ချလျက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here