တန် မင်းဆက် လက်ထက် ဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ

alt

တန် မင်းဆက် လက်ထက် က အသုံးပြု ခဲ့သည်ဟု ယူဆရသော အလေးချိန် (၂) တန်ကျော် ရှိသည့် ဒင်္ဂါးပြားများ ကို တူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက် မြောက်ဘက် ရှိ ရှန်ဇီး ခရိုင်အတွင်း မူလတန်းကျောင်း တစ်ခု ၏ ခလေး ကစားကွင်း မှ အဆိုပါ ဒင်္ဂါးများ အား တူးဖော် ရရှိခဲ့ ခြင်းဖြစ်သည်။ တန် မင်းဆက် သည် တရုတ် နိုင်ငံ တွင် အေဒီ (၆၁၈) မှ (၉၀၇) ထိ စိုးစံ ခဲ့ကြောင်း သမိုင်း ပညာရှင်များ က ဆိုသည်။

ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းရေး နှင့် ကမာ္ဘလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး ဗြူရို မှ ဒါရိုက်တာ ဖြစ်သူ ဇိုအေဂူ က ဇွန်လ (၁၀) ရက် နေ့ တွင် တွေ့ရှိ ခဲ့သော အဆိုပါ ဒင်္ဂါးများ ကို ကစားကွင်း အနီး အခြား အဆောက်အအုံ တစ်ခု ကို ဆောက်လုပ် နေသည့် အလုပ်သမားများက  အမှတ်မထင် တူးဖော် မိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ သမိုင်း ဆိုင်ရာ အထောက်အထားများ ဖြစ်သည့် ဒင်္ဂါး အမြောက်အမြား ကို အချိန် (၅) နာရီမျှ ကြာအောင် တူးဖော် ခဲ့ရသည်။

ဒင်္ဂါးများ သည် အလျား နှင့် အနံ (၁.၅) မီတာ စီရှိပြီး အမြင့် (၁) မီတာ ရှိကြောင်း သိရသည်။ ထို ဒင်္ဂါးများ ကို နီးစပ်ရာ ဒေသခံ ပြတိုက် တစ်ခု သို့ ပို့ပေး ခဲ့ပြီး ရေတွက်မှုများ ပြုလုပ် ခဲ့ကြ သည်။ ယခု ကဲ့သို့ ဒင်္ဂါးများ တူးဖော် တွေ့ရှိသော မြေ နေရာ သည် ယခင်က ဘုရားကျောင်း နေရာ တစ်ခု ဖြစ်ခဲ့ ဖွယ်ရှိကြောင်း တရုတ် မနုဿဗေဒ ပညာရှင်များ က သုံးသပ် ထားကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here