အိုစမာ ဘင်လာဒင် အား ဖမ်းဆီး နိုင်သေးသည်ဟု CIA ဒါရိုက်တာ ပြော

alt

အိုစမာ ဘင်လာဒင် အား ဖမ်းဆီး ရမိနိုင်သော အခွင့်အရေးများ ရှိနေ သေးကြောင်း ပါကစ္စတန် CIA အဖွဲ့ ဒါရိုက်တာ လီယွန် ပန်နက်တာ က ပြောကြား လိုက်သည်။

ဘင်လာဒင် သည် ပါကစ္စတန် နိုင်ငံ တောနက်များ အတွင်း ပုန်းအောင်း နေဆဲ ဖြစ်ကြောင်း နှင့် ၎င်းအား ဖမ်းဆီး သတ်ဖြတ် နိုင်မည့် အခြေအနေ များလည်း ယခုတိုင် ရှိနေသေးကြောင်း လီယွန် က ဆိုသည်။

ပါကစ္စတန် တပ်မတော် အနေနှင့် CIA နှင့် အတူပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်မည် ဆိုပါက မျှော်လင့်ချက်များ ပိုမို လျင်မြန်စွာ ပြည့်မြောက် လာနိုင်ကြောင်း လီယွန် က သုံးသပ် ခဲ့သည်။

တာလီဘန် တပ်များကို ပါကစ္စတန် အနောက် မြောက်ဘက် ဆွက် တောင်ကြား တွင် တပ်စွဲထားရာ မှ အစိုးရတပ်များ က တိုက်ခိုက် မောင်းထုတ် လိုက်ပြီးနောက် ဘင်လာဒင် ကို ဖမ်းဆီးရန် စစ်ဆင်ရေးများ အတွက် ပိုမို ကောင်းမွန်သော အထောက်အပံ့များ ဖြစ်လာ စေခဲ့ကြောင်း လီယွန် က ဇွန်လ (၁၂) ရက်နေ့က ၀ါရှင်တန် မြို့တော် တွင် ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန် အစိုးရသည် ဘင်လာဒင်အား ဖမ်းဆီး ရမိရေးတွင် အင်အား စိုက်ထုတ်မှု လျော့နည်း လာသည် ဆိုသော စွပ်စွဲမှုများ ကိုလည်း လီယွန် က ငြင်းဆန်ခဲ့ပြီး ယခုတိုင် ဘင်လာဒင်အား အသည်းအသန် ခြေရာခံ နေဆဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့အပြင် ဘင်လာဒင် အား ဖမ်းဆီး ရမိရေး အတွက် CIA နှင့် အတူ အမေရိကန် စစ်တပ် ကလည်း အင်တိုက် အားတိုက် ပါ၀င် နေခြင်း အတွက် ထောက်လှမ်းရေး လုပ်ငန်းများ သည် ခန့်မှန်းသည် ထက် အောင်မြင်မှုများ ရရှိ ခဲ့ကြောင်းလည်း လီယွန် က သုံးသပ် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here