Social Networking အသစ် လွှင့်တင်

alt

Social Networking ၀န်ဆောင်မှု လောကတွင် ထိပ်ဆုံးနေရာ မှ ရပ်တည်ပြီး ကမာ္ဘတဝှမ်း အင်တာနက် သုံးစွဲသူများ ကို ဖမ်းစား နိုင်မည်ဟူသော ယုံကြည်ချက် ဖြင့် Worldeka ကို လွှင့်တင် လိုက်ပြီ ဖြစ်သည်။

ဗြိတိန် နိုင်ငံ မှ ဆိုဖီကော့ နှင့် ချာလီကော့ တို့ မောင်နှမ နှစ်ဦးက အဆိုပါ ၀ဘ်ဆိုဒ် သည် Social Networking ၀န်ဆောင်မှု အတွက် အဓိက Brand တစ်ခုအသွင် ပြောင်းလဲ လာရန် မျှော်လင့် နေသည်။ Worldeka သည် အဓိပ္ပါယ် အားဖြင့် တကမာ္ဘလုံး ဟု သတ်မှတ်နိုင်ပြီး ကော့မောင်နှမ သည် တကမာ္ဘလုံး ၎င်းတို့ ၏ ၀ဘ်ဆိုဒ် ကို အသုံးပြုမည် ဟု ကြီးမားသော ယုံကြည်မှု ဖြင့် Worldeka ကို ဖန်တီး ခဲ့ခြင်းဟု ပြောကြား သွားသည်။

ဆိုဖီ က သူမ တို့သည် Worldeka အား အခြေခံမှ အစ သတိထားကာ စနစ်တကျ ပျိုးထောင် ခဲ့ကြောင်း၊ လူမှု ဆက်ဆံရေး နယ်ပယ်တွင် အမှန်တကယ် လိုအပ်နိုင်သည့် အရာ မှန်သမျှ ပြည့်စုံအောင် ထည့်သွင်း ပေးထားကြောင်း ပြောဆိုခဲ့သည်။

Worldeka သို့ ချိတ်ဆက် သူတိုင်း သည် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်း လိုက် ဖြစ်စေ စိတ် ကျေနပ်မှု ရရှိစေမည် ဖြစ်ကြောင်း ဆိုဖီ က ပြောကြား သွားသည်။ ထို့အပြင် ၀ဘ်ဆိုဒ် ၏ ထူးခြားမှု မှာ အသုံးပြုသူများ သည် မိမိတို့ ၏ နယ်ပယ် အသီးသီး အလိုက် ဖန်တီးမှု စွမ်းရည်များ ကို ပြသခွင့် ရရှိနိုင်မည် ဖြစ်ခြင်းဟုလည်း ဆိုဖီ က ဆိုသည်။

ထို ၀ဘ်ဆိုဒ် နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ ကို www.worldeka.com တွင် ဖော်ပြ ထားကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here