ဂလင်းဂျွန်ဆန် အား မန်စီးတီး ကမ်းလှမ်း

alt

မန်ချက်စတာ စီးတီး အသင်း သည် ပို့စ်မောက် အသင်း မှ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ဂလင်းဂျွန်ဆန် အား တရားဝင် ကမ်းလှမ်း လိုက်ပြီ ဖြစ်သည်။

ချဲလ်ဆီး အသင်း မှ ၎င်း တို့ ၏ ကစားသမားဟောင်း ကို ပြန်လည် ခေါ်ယူတော့မည် ဟု သတင်းကြီး နေသော်လည်း မန်ချက်စတာ စီးတီး က ပေါင် (၁၈) သန်းတန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ် ခဲ့သလို ကစားသမား ကိုလည်း တစ်ပါတ်လျင် ပေါင်တစ်သိန်း ပေးမည် ဖြစ်ကြောင်း မက်လုံး ပေးခဲ့ သဖြင့် ချဲလ်ဆီး တို့ နောက်ကောက် ကျဖွယ် ရှိနေသည်။ အသက် (၂၄) နှစ် အရွယ် ခံစစ်မှူး သည် ပြီးခဲ့သည့် ကမာ္ဘ့ဖလား ခြေစစ်ပွဲ တွင် အင်္ဂလန် က အန်ဒိုရာအား (၆-၀) ဖြင့် အနိုင်ရသော ပွဲစဉ် အတွင်း အကောင်းဆုံး ဘောလုံးသမား ဆု ကိုလည်း ရရှိ နိုင်ခဲ့ သည်။ ခံစစ်ရော၊ တိုက်စစ်ပါ စွယ်စုံ ရသည့် ဂျွန်ဆန် အား အခြားသော အင်္ဂလိပ်ကလပ် အတော်များများ က စိတ်ဝင်စား နေသည့် တိုင် ချဲလ်ဆီး နှင့် မန်ချက်စတာ စီးတီး တို့သာ အပြိုင်အဆိုင် ကမ်းလှမ်း နိုင်ဖွယ် ရှိ နေသည်။

ဂျွန်ဆန် အနေ နှင့် ၎င်းအား ပုံမှန် ပွဲထွက်ခွင့် ပေးမည့် အသင်းကို သာ ရွေးချယ်ဖွယ် ရှိနေသောကြောင့် ချဲလ်ဆီး ထက် မန်ချက်စတာ စီးတီး သို့ သာ ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းများ က သုံးသပ် ရေးသား လျက်ရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here