နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိ သင်္ချိုင်း ရှာဖွေတွေ့ရှိ

alt

ဗြိတိန် နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ခန့်က သင်္ချိုင်းဟောင်း တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ရာ ခေါင်းဖြတ် သတ်ခံ ခဲ့ရသည့် လူ (၅၀) ကျော်၏ ရုပ်ကြွင်းများ ကိုလည်း တွေ့ရှိ ခဲ့ရသည်။

(၂၀၁၂) ခုနှစ်၊ အိုလံပစ် ပြိုင်ပွဲ အတွက် လမ်းများ ဖောက်လုပ်ရာမှ အဆိုပါ သင်္ချိုင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ရောမ တို့ ကျူးကျော် ၀င်ရောက် လာစဉ်က ရက်ရက် စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသူများ ဖြစ်နိုင်ကြောင်း ပညာရှင်များ က ယူဆ ခဲ့ကြသည်။

ဒေါဆက် အရပ်ရှိ ၀ီးမောက် အနီး တောင်ကုန်းများတွင် တွေ့ရှိရသည့် အဆိုပါ သင်္ချိုင်းဟောင်း တွင် AD (၄၃) ခုနှစ် လက်ရာ အိုးခြမ်းပဲ့များ ကိုလည်း တွေ့ရှိ ခဲ့ရသည်။

သံခေတ် က ဥရောပ ၏ အကြီးမားဆုံး ရဲတိုက်ကြီး တစ်ခု ဖြစ်သည့် မေဒန် ရဲတိုက် နှင့် နီးကပ်စွာ တည်ရှိသော သင်္ချိုင်း နေရာတွင် ခေါင်းခွံများ ကို အစုလိုက် အပြံုလိုက် တွေ့ရှိ ရပြီး အခြား နေရာတွင် ခေါင်းမဲ့နေသော ခန္ဓာကိုယ် ရုပ်ကြွင်းများအား ပြန့်နှံ့စွာ တွေ့ရှိ ခဲ့ရသည်။

မေဒန် ရဲတိုက်သည် ထိုစဉ် က ဆဲလ်တစ် လူမျိုး တို့သည် ကွန်းဝဲ နှင့် ဆိုမာဆက် မှ ဆိပ်ကမ်းများ ကို ကာကွယ်ရန် ဗိုလ်ချုပ် ဗက်ဆာပက်ဆီယန် ၏ ဦးဆောင်မှုဖြင့် ကြံ့ကြံ့ခံ ခဲ့သည့် နောက်ဆုံး ခံတပ်လည်း ဖြစ်သည်။

မနုဿဗေဒ ပညာရှင် မော်တီမာဝှီလာ က သင်္ချိုင်းဟောင်း အား အသေအချာ လေ့လာမှုများ ပြုလုပ်နေဆဲ ဖြစ်ပြီး ထို ရဲတိုက်ကို ရောမတို့ မီးရှို့ ဖျက်ဆီးခြင်း မပြုမီ ဖမ်းဆီး ရမိသမျှ ယောက်ျား၊ မိန်းမ၊ ကလေးငယ်များ အားလုံးကို ခေါင်းဖြတ် သတ်ခဲ့သည့် နေရာဖြစ် နိုင်ကြောင်း သုံးသပ် ပြောဆိုခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here