အရပ်ရှည်လွန်း၍ ထောင် မကျခဲ့တဲ့ ဗြိတိန် နိုင်ငံသား

alt

ဗြိတိန် နိုင်ငံသား တစ်ဦးသည် ကားခိုးမှု အတွက် အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိ ခဲ့သည့် တိုင် (၇) ပေ၊ (၄) လက်မ ရှိသော ၎င်း၏ အရပ်ကြောင့် ထောင် မကျ ခဲ့ကြောင်း သိရသည်။

အသက်(၂၁) နှစ်အရွယ် ခရစ်စတိုဖာ လစ်စတာ သည် ကားခိုးမှု တစ်ခု အတွက် ထောင်ဒဏ် (၁၁) လ ချမှတ် ခံရပြီးမှ ၎င်း ၏ အရပ်ကြောင့် အခြားသော ထောင်သားများ အခက်အခဲ တွေ့နိုင်ကြောင်း အယူခံ ၀င်ခဲ့သဖြင့် ယခုလို လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

လစ်စတာ သည် ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ (၂၆) ရက် နေ့က ဗင်ကား တစ်စင်းကို ခိုးယူခဲ့ပြီး နောက်ပိုင်းတွင် ၎င်း ကလည်း ခိုးယူမိကြောင်း ၀န်ခံခဲ့သည်။

လစ်စတာ သည် အိပ်စက်ချိန်တွင် မွေ့ယာ အပျော့ပေါ်တွင် သို့မဟုတ်ပါက နောက်ကျောတွင် အလွန်နာကျင်သည့် ဝေဒနာကို ခံစား ရသောကြောင့် မသန်စွမ်းသူ တစ်ဦး အဖြစ် မှတ်ပုံတင် ထားရ သူလည်း ဖြစ်သည်။

၎င်းက ဖြစ်ပျက်ခဲ့သမျှ အတွက် နောင်တရ နေကြောင်း လျှောက်ထား ခဲ့ပြီးနောက် လိစ် တရားရုံး က အမှုကို ပြန်လည် သုံးသပ်ကာ ထောင်မချရန် ဆုံးဖြတ် ပေးခဲ့သည်။ သို့သော်လည်း အနာဂတ် တွင် ကောင်းမွန် ရိုးဖြောင့်စွာ နေထိုင်ပါ မည်ဟု ခံဝန်ကတိ ရေးထိုး စေခဲ့သည်။

လစ်စတာ သည် ဗြိတိန် နိုင်ငံ၏ အရပ် အမြင့်ဆုံး ပုဂ္ဂိုလ် အဖြစ် စံချိန်တင်ထားသူ ထက် (၃) လက်မ ပိုပုသူ ဖြစ်သည်။ ၎င်းသည် မော်တော်ကား ပြုပြင်သူ Mechanic တစ်ဦး ဖြစ်လာရန် မျှော်လင့် ခဲ့သော်လည်း မြင့်မားလွန်းသော အရပ်နှင့် ကားအောက် ၀င်တိုင်း မခံမရပ် နိုင်အောင် နာကျင်သော နောက်ကျော တို့ကြောင့် ရည်မှန်းချက် နှင့် လွဲချော် ခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here