ကလေးနို့မှုန့်ပါ ဓာတုပစ္စည်း အမျိုးသမီးများ နှလုံးရောဂါ ဖြစ်နိုင်

alt

ခလေး နို့မှုန့်ဗူးများတွင် တွေ့ရှိရသည့် ဓာတု ပစ္စည်း တစ်မျိုးသည် အမျိုးသမီးများ ၏ နှလုံးရောဂါ ဖြစ်ပွား နိုင်ချေကို တိုးပွား လာစေ တတ်ကြောင်း သုတေသီများ က စစ်ဆေး တွေ့ရှိခဲ့ရသည်။

Bisphenol A ဟု အမည် ပေးထားသော ဓာတ်ပစ္စည်း သည် နှလုံးခုန်နှုန်း ကို ပုံစံ မမှန် ဖြစ်စေပြီး သွေးစီးဆင်းမှု ကိုလည်း အနှောင့်အယှက် ပေးတတ်ကြောင်း သိရ သည်။

ကြွက် အမများ နှင့် သုတေသန စမ်းသပ်မှု များ ပြုလုပ် ပြီးနောက် နို့ဘူးများတွင် ပါ၀င် ဖွဲ့စည်း နေသည့် အဆိုပါ ဓာတ်ပစ္စည်း သည် အန္တရာယ် ရှိနေကြောင်း ပညာရှင်များ က သတိပေး နှိုးဆော် လိုက်သည်။

သုတေသီ တစ်ဦး ဖြစ်သည့် စကော့ဘယ်ချာ က ယခု တွေ့ရှိမှု သည် နှလုံးရောဂါ နှင့် ပတ်သက်ပြီး အသစ် တစ်ခု ဖြစ်သလို အရေးကြီးသော ရှုထောင့်လည်း ဖြစ်ကြောင်း ပြောဆို ခဲ့သည်။

ထို ဓာတ်များ သည် ပလတ်စတစ် တွင် တွေ့ရှိ ရတတ်ပြီး ပလတ်စတစ် ဖြင့် ပြုလုပ် ထားသော နို့ဘူးများ တွင် လည်း ရှိနေမည် ဖြစ်ကြောင်း ယခု စမ်းသပ်မှုကို စုပေါင်း ဆောင်ရွက်ခဲ့သည့် အမေရိကန် နိုင်ငံ ဆင်ဆင်နက်တီ တက္ကသိုလ် မှ သုတေသီများတွင် တစ်ဦး အပါအဝင် ဖြစ်သော ဘယ်ချာ က ဆိုသည်။

ထို့အပြင် လက်ဆုပ်လက်ကိုင် သက်သေပြ နိုင်ခြင်း မရှိသေးသော်လည်း Bisphenol သည် အမျိုးသမီးများ အတွက် အခြားသော ရောဂါများ ဖြစ်ပွားစေနိုင်သော အခြေအနေ မျိုး ရှိနေသည် ဟု ယုံကြည်ရပြီး ကလေးမရ နိုင်ခြင်း၊ သွေးတိုးရောဂါ၊ ရင်သား ကင်ဆာများ ဖြစ်ပေါ် လာစေကြောင်း သံသယ ရှိနေ သည် ဟု ဒေါက်တာဘယ်ချာ က ပြောကြား ခဲ့သည်။

ထို ဓာတ်ပစ္စည်း သည် အမျိုးသားများ ဆီးကြိတ် ကင်ဆာ ဖြစ်ပွား စေရန်လည်း ပိုမို တွန်းအား ပေးတတ်သည်ဟု ယူဆ ရကြောင်း လည်း ဒေါက်တာဘက်ချာ က ရှင်းလင်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here