ဩစတြေးလျနိုင်ငံသို့ ဘရစ်တနီ စဖီးယား သွားရောက် ဖျော်ဖြေ မည်

alt

ဘရစ်တနီ စဖီးယား သည် ဩစတြေးလျ နိုင်ငံသို့ သွားရောက် ဖျော်ဖြေရန် အစီအစဉ် ရေးဆွဲထားပြီ ဖြစ်ကြောင်း သိရသည်။

သူမ ၏ ကမာ္ဘကျော် Circus Tour ဖျော်ဖြေရေး ခရီးစဉ်၏ တစိတ်တဒေသ အဖြစ် ဩစတြေးလျ တွင် ဖျော်ဖြေပွဲ (၅) ခု ပြုလုပ် သွားမည်ဟု Pop အဆိုတော် မလေး က ဆိုသည်။ အသက် (၂၈) နှစ် ရှိ ပြီဖြစ်သော ဘရစ်တနီ က သူမ၏ ဖျော်ဖြေပွဲ ကို နိုဝင်ဘာလ (၆) ရက်နေ့ တွင် ပက်သ်မြို့ မှ စတင်မည် ဖြစ်ပြီး ဆစ်ဒနီ၊ မဲဘုန်း နှင့် ဘရစ္စဘိန်း မြို့များ တွင်လည်း ဆက်လက် ပြုလုပ် သွားမည် ဟု ပြောကြားခဲ့သည်။

ထို ပွဲသည် ဩစတြေးလျ တွင် သူမ၏ အနုပညာ သက်တမ်း တလျှောက် ပထမဆုံး ဖျော်ဖြေမှု လည်း ဖြစ်လာမည် ဟု သိရသည်။ ဘရစ်တနီ သည် Circus Tour တွင် Setting ကို တခမ်းတနား ပြုလုပ် လေ့ရှိသည့် အားလျော်စွာ ယခု ဖျော်ဖြေရေး အစီအစဉ် အတွက်လည်း ပစ္စည်းကိရိယာ စုစုပေါင်း တန်ချိန် (၆၀) ထိ သယ်ဆောင် သွားရမည် ဖြစ်သည်။

ထို့အပြင် အကသမားများ၊ အတီးအမှုတ် ပညာရှင်များ၊ မျက်လှည့်ဆရာများ နှင့် လူရွှင်တော်များ ကိုပါ အားဖြည့် ခေါ်ယူသွားမည် ဟု ဘရစ်တနီ က သူမ ၏ ၀ဘ်ဆိုဒ်တွင် ရေးသား ထားသည်။ ထို့အပြင် ဖျော်ဖြေပွဲ အတွက် ယခု ကတည်းက စိတ်စော နေပြီး နိုဝင်ဘာလ ရောက်လာသည်ကို မစောင့်နိုင်အောင် ဖြစ်နေမိကြောင်း ဘရစ်တနီ က ၀ဘ်ဆိုဒ် တွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here