ချဲလ်ဆီးနောက်ခံလူအား ဘိုင်ယန်မြူးနစ် ခေါ်ယူ နိုင်မည်

alt

ဂျာမန် ကလပ် ဘိုင်ယန် မြူးနစ် အနေ နှင့် ၎င်း တို့ သည် ချဲလ်ဆီး ညာနောက်ခံလူ ဟိုဆေး ဘော့ဆင်ဟွာ ကို ခေါ်ယူ နိုင်မည်ဟု ယုံကြည် ထားကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

ချဲလ်ဆီး သည် ပို့စ်မောက် မှ ခံစစ်မှူး ဂလန်းဂျွန်ဆန် အား ခေါ်ယူ နိုင်ရန် အသည်းအသန် ကြိုးပမ်းလျက် ရှိပြီး အောင်မြင် သွားပါက အသက် (၂၆) နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကစားသမား အား ရောင်းချ သွားဖွယ် ရှိနေသည်။ ချဲလ်ဆီး သည် ဂျွန်ဆန်အား ပေါင် (၁၇) သန်း ခန့်ဖြင့် ကမ်းလှမ်း ထားသောကြောင့် ပေါ်တိုမှ ပေါင် (၁၆) သန်း ဖြင့် ပြောင်းရွှေ့ လာသူ ဘော့ဆင်ဟွာ အတွက် ဖိအား များလာ ခဲ့သည်။ ဘိုင်ယန်မြူးနစ် အသင်း သည် အဆိုပါ အခြေအနေ ကို အခွင့်ကောင်းယူကာ ဘော့ဆင်ဟွာ အား ပေါင် (၁၂) သန်း ခန့်ဖြင့် ခေါ်ယူ သွားနိုင်ရန် မျှော်လင့် လျက်ရှိသည်။

ဘိုင်ယန် နည်းပြ အူလီဟိုးနက် က ၎င်း တို့ အနေဖြင့် ဘော့ဆင်ဟွာ အား စိတ်ဝင်စား နေကြောင်း ၀န်ခံ ခဲ့ပြီး ချဲလ်ဆီး အသင်း နှင့် ဆွေးနွေး ညှိနှိုင်းမှုများ အောင်မြင်မည် ဟု လည်း ယုံကြည် ထားကြောင်း ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here