မွေးနေ့အတွက် ဘရတ်ပစ်ထံမှ ထူးထူးခြားခြား လက်ဆောင်ရဟု ဂျိုလီ ပြော

alt

အိန်ဂျယ်လီနာ ဂျိုလီသည် သူမ၏ အသက် (၃၄) နှစ်ပြည့် မွေးနေ့တွင် ချစ်သူ ဘရက်ပစ် ထံမှ ထူးထူးခြားခြား လက်ဆောင် တခု ရရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

ဇွန်လ (၄) ရက် နေ့က သူမ၏ မွေးနေ့ ကို နယူးယောက်ရှိ လောင်းအိုင်းလန်း တွင် ကျင်းပရာ နာမည်ကျော် မင်းသား က အမျိုးသမီး အတွင်းခံ ၀တ်စုံတစ်ခု လက်ဆောင် ပေးခဲ့ကြောင်း သိရသည်။

သူမ၏ မိတ်ဆွေများ က ဂျိုလီ သည် ထို လက်ဆောင်အား သဘောကျ သည်ဟု ၎င်းတို့ကို ပြောကြားခဲ့ကြောင်း ပြန်လည် ပြောဆို သွားခဲ့သည်။

ထို့အပြင် မင်းသား အနေနှင့် ၎င်းတို့ နှစ်ဦး ၏ ဆက်ဆံရေး အဆင်မပြေ ဆိုသော သတင်းများကြောင့် စိတ် အနှောင့်အယှက် ဖြစ်နေရပြီး ထိုအခြေအနေ ကို ပြောင်းလဲရန် အတွက် ဂျိုလီ နှင့် ပိုမို နီးနီးကပ်ကပ် နေထိုင်ရန် ဆန္ဒ ရှိနေကြောင်း ပြောကြား ခဲ့ကြသည်။

ထိုနေ့က မွေးနေ့ပွဲတွင် ပစ်က အိမ်တွင် ဖုတ်သော ကိတ်မုန့် တစ်လုံးနှင့် လှပသော ပန်းပွင့်များ ကိုလည်း ဂျိုလီ အတွက် စီစဉ်ပေးခဲ့ သေးသည်။ ထို ပွဲလေးတွင် ဂျိုလီ၊ ပစ်တို့နှင့် အတူ သားသမီး (၆) ယောက် လုံးလည်း တပျော်တပါး ပါ၀င်ဆင်နွှဲ ခဲ့ကြကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here