ခရိုင်စလာ အား ရောင်းချခွင့် အမေရိကန် တရားရုံးချုပ် လက်ခံ

alt

အမေရိကန် ဗဟို တရားရုံး က ခရိုင်စလာ ကားကုမ္ပဏီ ကို အီတလီ အခြေစိုက် ဖီးယက် သို့ ရောင်းချ ခွင့်ပြု ပါရန် လျှောက်ထားမှု ကို လက်ခံ လိုက်ပြီ ဖြစ်သည်။

ဇွန်လ (၉) ရက် နေ့ က အဆိုပါ လျှောက်ထားမှု ကို တရားရုံးချုပ် က ဆိုင်းငံ့ ထားစေ ခဲ့ပြီး မဲစနစ် ဖြင့် ဆုံးဖြတ် ခဲ့ရာ ဂျူရီလူကြီး (၉) ဦးအနက် (၅) ဦးက အဆို ကို လက်ခံရန် မဲ ပေးခဲ့သဖြင့် အရောင်းအဝယ် ကိစ္စ ကို တရားရုံး က အတည်ပြု ပေးခဲ့သည်။ တရားရေး ၀န်ကြီး ဌာန က ခရိုင်စလာ အနေ နှင့် မူလ စီစဉ် ထားသည့် အတိုင်း ဆက်လက် ဆောင်ရွက် နိုင်ပြီဟု ကြေညာ ခဲ့သည်။ ကမာ္ဘ့ စီးပွား ပျက်ကပ်ကြောင့် လုပ်ငန်းများ အကြီးအကျယ် အရှုံးပေါ်ပြီး အထိနာနေသည့် ခရိုင်စလာ သည် အကြွေးများ အတွက် ဒေဝါလီ ခံပြီးနောက် ကုမ္ပဏီ ကို ရောင်းချရန်ပါ စီစဉ် ခဲ့ရခြင်း ဖြစ်သည်။ ၎င်း၏ ထုတ်ကုန် နှင့် နည်းပညာများ အားလုံးကို ဖီးယက်ထံ လွှဲပြောင်း ပေးရန် မူအား ဖြင့် သဘောတူ ခဲ့ကြသော် လည်း တရားရုံး က ကြားဝင် ခဲ့သဖြင့် နှောင့်နှေး နေခဲ့ ခြင်း ဖြစ်သည်။

အမေရိကန် ကား ကုမ္ပဏီ အနေ နှင့် ဖီးယက် ထံ ပူးပေါင်း လိုက်ခြင်း ဖြင့် ကုမ္ပဏီ ဆက်လက် ရပ်တည်ရေး ကို တည်မြဲ နေစေမည် ဟု မျှော်လင့် ထားသည်။ ခရိုင်စလာ ၏ အရှုပ်အထွေးများ အားလုံး ကို ဇွန်လ (၁၅) ရက်နေ့ တွင် အပြတ်ရှင်းရန် အမေရိကန် အစိုးရ က သတိ ပေးထား သောကြောင့် ထိုနေ့ မတိုင်မီ ဖီးယက် နှင့် ပူးပေါင်းမှု ကို အပြီးသတ် ဆောင်ရွက် သွားဖွယ် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here