ဆီယာလီယွန် ရဲဌာန အရေးပေါ်အခြေအနေကြောင့် အကူအညီ တောင်း

alt

ဆီယာလီယွန် နိုင်ငံ ရှိ ရဲ ဌာန တစ်ခု သည် အရေးပေါ် အခြေအနေ တစ်ရပ် အတွက် မီးသတ်တပ်ဖွဲ့ နှင့် စစ်တပ် ကို အသည်းအသန် အကူအညီ တောင်းခံ ခဲ့ရကြောင်း သိရ သည်။

အဘယ်ကြောင့် ဆိုသော် ဇူလိုင်လ (၁၁) ရက် နေ့ က ဂီရီဟန်မြို့ ရှိ ရဲဌာနသို့ ရာဂဏန်း မျှရှိသော အဆိပ်ပြင်း သည့် မြွေများ ရောက်ရှိ လာပြီး ရဲစခန်း တစ်ခုလုံး တွင် လျှောက်သွား နေခြင်းကြောင့် ဖြစ်သည်။ မြွေအလမ္ပာယ် ဆရာများ သည် ကြောက်စရာ ကောင်းသော အဆိုပါ သတ္တဝါများ ကိ်ု အပြင် ထွက်လာအောင် မျှားခေါ်ပြီး ဖမ်းဆီး ကြရသလို စစ်တပ် နှင့် မီးသတ် မှာလည်း ရဲစခန်း ကို ပြန်လည် သိမ်းပိုက် နိုင်ရန် အားထုတ် ခဲ့ရသည်။ တောင်ပိုင်းရှိ ဘိုအမည် ရှိ ခရိုင်တွင် ဖြစ်ပွား ခဲ့သော အဆိုပါ ဖြစ်ရပ် ဆန်းကြောင့် မြို့တော် ဖရီးတောင်းမှ စစ်တပ်များ မှာ အရေးတကြီး လာရောက် ခဲ့ရသည်။

နောက်ဆုံး တွင်မူ မြွေများ အားလုံး ကို ဖယ်ရှား နိုင်ခဲ့ပြီး အရေအတွက် အားဖြင့် အကောင် (၄၀၀) ခန့် ရှိကြောင်း သိရ သည်။ အများစုမှာ မြွေပွေး နှင့် မြွေဟောက်များ ဖြစ်သည် ဟု စစ်တပ် မှ တာဝန်ရှိသူ တစ်ဦး က ဆိုသည်။ ဆီယာလီယွန် နိုင်ငံ သည် (၁၀) နှစ်ကြာ ပြည်တွင်း စစ် နောက်ပိုင်း ဖွံ့ဖြိုးမှု နှေးကွေး နေဆဲ နိုင်ငံ တစ်ခု ဖြစ်ပြီး တောနက်ကြီးများ ထူထပ်စွာ တည်ရှိ နေသလို သားရဲ တိရစာ္ဆန်များ လွတ်လပ်စွာ ကျက်စား နေရာမှ မျက်စိလည်ပြီး လူနေ ပတ်ဝန်းကျင် သို့ ရောက်ရှိလာကာ အန္တရာယ် ပြု လေ့ရှိသည်။ ဘိုခရိုင် သည် ထို ဒဏ် ကို မကြာခဏ ခံရလေ့ရှိပြီး လွန်ခဲ့သော နှစ် အနည်းငယ် က ရွာသား တစ်ဦး ကို တောကျွဲများ က ၀ိုင်းဝန်း ရန်ပြုသဖြင့် သေဆုံး သွားပြီး နောက်ပိုင်း ထို ဒေသ ကို ရဲအထူး ဌာန တစ်ခု လာရောက် ဖွင့်လှစ် ထားသည်။ သို့သော်လည်း ထို ဌာန မှာလည်း ယခုကဲ့သို့ မြွေဘေး နှင့် ကြံုသောအခါ လက်မှိုင်ချ ခဲ့ရသည်။

ပညာရှင်များ က မူ သဘာဝအလျောက် မိတ်လိုက်သည့် မြွေများ မရည်ရွယ်ဘဲ ရဲ ဌာန ထဲ ရောက်ရှိ လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ထားသည်။ မကြာသေးမီ ကလည်း တောဆင်ရိုင်း တစ်အုပ် သည် အဆိုပါ ဒေသရှိ ရွာတစ်ရွာ ကို ၀င်ရောက် သောင်းကျန်း ခဲ့ရာ လူ (၈) ဦး ဆင်နင်း ခံ ရသဖြင့် သေဆုံးပြီး အိမ်ပေါင်း (၆၀၀) မျှ စိစိ ညက်ညက် ကြေသွား ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here