မြောက် ကိုရီးယား အနုမြူ စမ်းသပ်မှု ပြုလုပ် ဖွယ်ရှိ ဟုဆို

alt

မြောက် ကိုရီးယား အစိုးရ သည် နောက်ထပ် အနုမြူ စမ်းသပ်မှု တစ်ခု ပြုလုပ်ဖွယ် ရှိနေကြောင်း ဇွန်လ (၁၁) ရက် နေ့ က အမေရိကန် အစိုးရ က ပြောကြား လိုက်သည်။

အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦး က မြောက်ကိုရီးယား သည် နောက်ထပ် အနုမြူ ဗုံးတစ်လုံး ကို စမ်းသပ် ဖောက်ခွဲမည် ဟု ညွှန်ပြ နေသည့် သဲလွန်စ အမြောက်အမြား ကို ရရှိ ထားကြောင်း CNN သတင်း ဌာနသို့ ပြောဆို ခဲ့သည်။ ထို ဗုံး ကို သာ ဖောက်ခွဲ ခဲ့ပါက (၂၀၀၆) ခုနှစ်မှ စတင် ခဲ့သည့် တတိယမြောက် အနုမြူဗုံး စမ်းသပ်မှု ဖြစ်လာ တော့မည်ဟု သိရသည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဌာန က မေလ (၂၅) ရက် နေ့ တွင် မြောက် ကိုရီးယား တို့ အနုမြူဗုံး စမ်းသပ် ဖောက်ခွဲ ခဲ့သည့် နောက်ပိုင်း ထောက်လှမ်းရေး ကို ပိုမို အာရုံစိုက် လာခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သမ္မတ ဆူဆန်ရိုက်စ် က မြောက်ကိုရီးယား ၏ အဆင်အခြင်မဲ့သော အပြုအမူ အတွက် ပြန်လည် ပေးဆပ် ရမည် ဖြစ်ကြောင်း ဇွန်လ (၁၀) ရက်နေ့က ပြောကြား ခဲ့ သေးသည်။ ပြံုယမ်း အစိုးရ သည် အနုမြူ လက်နက်များ ထုတ်လုပ်နေမှု ရပ်ဆိုင်းပေးရန် နိုင်ငံတကာ မှ ဖိအားပေး တောင်းဆိုမှုများ အား လိုက်နာရန် ငြင်းဆန် နေ မှုကြောင့် အကျိုးယုတ် ရုံသာ ရှိကြောင်း ရိုက်စ် က ဆိုသည်။

အမေရိကန် သမ္မတ ဘာရတ် အိုဘားမား ၏ အစိုးရ အဖွဲ့ မှ အထူး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် စတီဖင်ဘော့ဆွော့ က မြောက် ကိုရီးယား အနေ နှင့် ယွန်ဗျောင်း ရှိ ၎င်း ၏ အနုမြူ ဓာတ်ပေါင်းဖို ကို ပြန်လည် အသက်သွင်းပြီး ကတည်း က နိုင်ငံတကာ ငြိမ်းချမ်းရေး ကို ကြီးမားစွာ ခြိမ်းခြောက် လာခဲ့ကြောင်း စွပ်စွဲခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here