ရီးရဲလ် မက်ဒရစ် အသင်း ကစားသမားများ ဆက်လက် ခေါ်ယူဖွယ်ရှိ

alt

ခရစ်စတီယာနို ရော်နာဒို နှင့် ရီကာဒိုကာကာ တို့ နှစ်ဦးပေါင်း အတွက် ယူရိုငွေ သန်း (၁၆၀) မျှ အသုံးပြု ထားသော်လည်း ရီးရဲလ် မက်ဒရစ် အသင်း သည် အပြောင်းအရွှေ့ ဈေးကွက် တွင် ဆက်လက် လှုပ်ရှား နေဆဲ ဖြစ်သည်။

၎င်းတို့သည် တိုက်စစ် အင်အား ဖြည့်တင်းရန် အတွက် ဗလန်စီယာ မှ စပိန် လက်ရွေးစင် ဒေးဗစ်ဗီလာ နှင့် အက်သလတ်တီကို မက်ဒရစ် မှ ဥရုဂွေး လက်ရွေးစင် ဒိုင်ဂိုဖော်လန် တို့ နှစ်ဦး အနက် တစ်ဦး ကို ရအောင် ခေါ်ယူသွားဖွယ် ရှိနေသည်။ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒိုင်ဂိုဖော်လန် မှ ယခုနှစ် ဥရောပ ဂိုးသွင်း အများဆုံး ရွှေဖိနပ် ဆု ကို ရရှိထားသူဖြစ်ပြီး အက်သလတ်တီကို က မူ ခါးသီးသော မြို့ခံပြိုင်ဘက်ထံ ပြောင်းရွှေ့ ခွင့် မပေး လိုကြောင်း အတိအလင်း ကြေညာ ထားသည်။ သို့သော်လည်း စပိန်မီဒီယာများ က ဥက္ကဌ ပီရက်စ် ၏ ရက်ရောသော ငွေကြေး သုံးစွဲမှုကြောင့် ရီးရဲလ်သာ အမှန်တကယ် ကမ်းလှမ်းခဲ့လျင် အက်သလတ်တီ ကို အနေ နှင့် တောင့်ခံ နိုင်ဖွယ်မရှိ ဟု သုံးသပ် ထားသည်။ ထို့အတူ ဗလန်စီယာ သည် လည်း ရီးရဲလ် က ဗီလာ အတွက် ပေးသော ပြောင်းရွှေ့ကြေး ယူရိုသန်း( ၃၀) ကို ငြင်းဆန် ထားသည့် တိုင် (၃၅) သန်း ခန့်ဖြင့် ကမ်းလှမ်း ပါက လက်ခံဖွယ် ရှိကြောင်း သိရ သည်။

ရီးရဲလ် သည် ဖော်လန် ကိုလည်း ယူရိုငွေ (၃၆) သန်း ခန့်ဖြင့် ခေါ်ယူ သွားနိုင်ဖွယ်ရှိကြောင်း သတင်းများ က ရေးသား ဖော်ပြ လျက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here