အီရတ်နိုင်ငံ မှ အမေရိကန် တပ်ဖွဲ့များ ၂၀၁၀ တွင် အပြီး ဆုတ်ခွာမည်

alt

အီရတ်တွင် ကျန်ရှိ နေဆဲဖြစ်သော အမေရိကန် တပ်များမှ မရိန်း စစ်သည် (၁၆၀၀၀) သည် (၂၀၁၀) ခုနှစ် နွေဦး ရာသီတွင် အပြီး ဆုတ်ခွာမည် ဖြစ်ကြောင်း မရိန်း တပ်ဖွဲ့ အကြီးအကဲ ကွန်မန်ဒါ ဖြစ်သူ ဗိုလ်ချုပ် ဂျိမ်းကွန်းဝေး က ပြောကြား လိုက်သည်။

အန်ဘာ ဒေသတွင် တပ်စွဲ ထားသည့် မရိန်းများသည် ယခု ကတည်းက လက်နက် ပစ္စည်း အချို့ တို့ကို ပြန်လည် ရွှေ့ပြောင်းရန် ပြင်ဆင်ထားကြောင်း ဗိုလ်ချုပ် ကွန်းဝေး က ဆိုသည်။ အီရတ်တွင် ရွေးကောက်ပွဲများ ပြီးစီး သွားပါက မရိန်းစစ်သည် ပမာဏ အတော်များများသည် အီရတ် မှ စတင် ထွက်ခွာ မည်ဖြစ်ကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။

ကွန်းဝေး အပါအဝင် အခြားသော အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိများသည် အီရတ် မှ မရိန်း စစ်သည်များ ကို အာဖဂန်နစ္စတန် သို့ ပြောင်းရွှေ့ တပ်စွဲရာ တွင် ခန့်မှန်းသည်ထက် ပိုမို လျှင်မြန်ရန် မျှော်လင့်လျှက်ရှိ ကြသည်။ ပြီးခဲ့သော လ အတွင်းက မရိန်းစစ်သည် (၁၁၀၀၀) မျှသည် အာဖဂန်သို့ ပြောင်းရွှေ့ ရောက်ရှိ ခဲ့ပြီဖြစ်သည်။

ကွန်းဝေး က အာဖဂန်ရောက် မရိန်း စစ်သည်များ သည် ပိုမို ကြမ်းတမ်းသော ပတ်ဝန်းကျင် နှင့် တွေ့ဆုံ ရမည် ဖြစ်ပြီး အီရတ်တွင် ကဲ့သို့ ပေါင် (၈၀) အလေးချိန် ရှိသော ကိရိယာ ပစ္စည်းများ ကို အမြဲတမ်း သယ်ပိုး ထားနိုင်ဖွယ် မရှိကြောင်း သုံးသပ် ခဲ့သည်။

ထို့အပြင် ယခုကဲ့သို့ အမေရိကန် စစ်တပ်များ အင်အားဖြည့်တင်း ရွှေ့ပြောင်းမှု ကြောင့် အာဖဂန် တောင်တန်းများ ကြားတွင် ပုန်းအောင်း နေသည့် တာလီဘန်များ က ပိုမို အရှိန်မြှင့် တိုက်ခိုက် လာ နိုင်ကြောင်း လည်း ကွန်းဝေး က ၀န်ခံ ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here